Tuesday, May 28, 2019

ရခိုင်ပြည်နယ်အပါအ၀င် တိုင်းမှူးနှစ်ဦး အပြောင်းအလဲပြုလုပ်

ရခိုင်ပြည်နယ်အခြေစိုက်အနောက် ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)တိုင်းမှူးနှင့် စစ်ကိုင်းတိုင်း ဒေသကြီးအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)တိုင်းမှူးတို့ကို စစ်ဆင်ရေးလိုအပ်ချက်အရ တာဝန်ပြောင်းလဲလိုက်ကြောင်း တပ်မတော်ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။ ‘‘ဒါတော့ စစ်ဆေးရေးလို အပ်ချက်အရ ဟိုဘက်ဒီဘက် ချိန်းလိုက်တာပဲရှိတယ်။ ကျန် တာမရှိပါဘူး’’ ဟု ၎င်းက ယမန် နေ့ကပြုလုပ်သော အစိုးရ တတိ ယ တစ်နှစ်တာ သတင်းစာရှင်း လင်းပွဲအပြီးတွင် ပြောသည်။



နပခတိုင်းမှူး ဗိုလ်ချုပ်စိုး တင့်နိုင်က နမခတိုင်းမှူးအဖြစ် ပြောင်းရွှေ့ပြီး နမခတိုင်းမှူးဗိုလ်ချုပ်ဖုန်းမြတ်က နပခတိုင်းမှူး အဖြစ်မေလ၂၆ရက်တွင် ပြောင်း ရွှေ့ခဲ့ကြောင်း အနောက်မြောက် တိုင်း စစ်ဌာနချုပ်ပြောရေးဆို ခွင့်ရှိသူ ဗိုလ်မှူးကြီး သန်းနိုင်က ရှင်းပြသည်။

‘‘သူတို့ရဲ့ တာဝန်ထမ်း ဆောင်ခဲ့မှုတွေနဲ့ ဆိုင်ပါတယ်။ တာဝန်ထမ်းဆောင်ခဲ့မှုဆိုတာ အရင်တုန်းကအဲဒီဒေသမှာ တာ ၀န်ထမ်းဆောင်ခဲ့ဖူးလို့ အဲဒီနယ် မြေဒေသကျွမ်းကျင်မှု အဲဒါတို့နဲ့ပဲ ဆိုင်ပါတယ်’’ ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။ လက်ရှိတွင် နပခနယ်မြေ ရခိုင်ပြည်နယ်၌ တပ်မတော်နှင့် AA အဖွဲ့ကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ နမခနယ်မြေ တွင်လည်း တစ်နိုင်ငံလုံးအပစ် ရပ်သဘောတူညီချက် လက်မှတ် မရေးထိုးရသေးသည့် နာဂအဖွဲ့ ဒေသ၌ အိန္ဒိယလက်နက်ကိုင် များခိုလှုံနေသည်ဆိုကာ တပ် မတော်က မကြာမီက နယ်မြေ ရှင်းလင်းရေးများ ပြုလုပ်ထား သည်။

No comments:

Post a Comment