Tuesday, May 28, 2019

ကြည်လင်းကို စာချုပ်သက်တမ်းတိုး၊ မတိုး ရန်ကုန်အသင်း မဆုံးဖြတ်ရသေး

ယခုလကုန်တွင် ရန်ကုန်အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည့် ကွင်းလယ်ကစားသမား ကြည်လင်းကို စာချုပ်သက်တမ်းတိုး၊ မတိုးနှင့်ပတ်သက်၍ မဆုံးဖြတ်ရသေးကြောင်း အသင်းမန်နေဂျာ ဦးမြင့်သိန်းက ပြောသည်။ြ မန်မာ့လက်ရွေးစင်ဟောင်းကြည်လင်းသည် လက်ရှိရန်ကုန်အသင်းတွင် ပွဲထွက်ခွင့် ပျောက်ဆုံးနေပြီး မေလကုန်၌ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သည်။



‘‘ကြည်လင်းက စာချုပ်အရဆို မေလကုန်မှာ ပြည့်မှာပါ။ သက်တမ်းတိုးမယ်၊ မတိုးဘူးဆိုတာကို အခုထိ မဆုံးဖြတ်ရသေးဘူး။ အသင်းတာဝန်ရှိသူတွေကို သူစာချုပ်ကုန်မယ့် အကြောင်းကို တင်ပြထားတယ်။ သူတို့ ဘယ်လိုဆုံးဖြတ်မလဲ မသိရသေးဘူး။ နည်းပြချုပ် အသစ်ခန့်အပ် ဖြစ်မယ်ဆို နည်းပြနဲ့ တာဝန်ရှိသူတွေ အားလုံးဆွေးနွေးတိုင်ပင်ပြီး ကြည်လင်းနဲ့ စာချုပ်ကိစ္စကို ဆုံးဖြတ်သွားမှာပါ’’ဟု ဦးမြင့်သိန်းက ပြောသည်။  အသက် (၂၆) နှစ်အရွယ်ကြည်လင်းသည် ရန်ကုန်လူငယ်အသင်းမှ ပေါ်ထွက်လာသည့် ကစားသမားဖြစ်ပြီး ၂၀၀၉ ကစတင်၍ လက်ရှိအချိန်ထိ ရန်ကုန် အသင်းတွင် ကစားနေသူ ဖြစ်သည်။ ထို့အပြင် ကြည်လင်းသည် ၂၀၁၁ ကစတင်၍ သက်တမ်းအ လိုက် လက်ရွေးစင်အသင်းများ တွင် ရွေးချယ်ခံခဲ့ရသည်။

သို့သော် ကြည်လင်းသည် ၂၀၁၃ ဆီးဂိမ်းတွင် လက်ရွေးစင်အသင်း၌ ခြေချင်းဝတ်ဒဏ်ရာရရှိ ပြီး ကာလရှည် အနားယူရကာ နောက်ပိုင်းတွင်လည်း ဒဏ်ရာပြဿနာများကြောင့် ပွဲထွက်ခွင့်ရ ရန် ရုန်းကန်ခဲ့ရသည်။

ရန်ကုန်အသင်းနှင့် စာချုပ်သက်တမ်း တိုးမြှင့်ခြင်း မရှိပါက အခြားအသင်းသို့ ပြောင်းရွှေ့ရန် စီစဉ်မည်ဖြစ်ကြောင်း ကြည်လင်း က ပြောသည်။  ‘‘ငယ်မွေးခြံပေါက် ကစားသမားဖြစ်လို့ ကစားသမားဘ၀ကို ရန်ကုန်မှာ အဆုံးသတ်ချင်ပါ တယ်။ ဒါပေမဲ့ သူတို့ဘက်က စာချုပ်သက်တမ်းတိုးဖို့ မကမ်းလှမ်းခဲ့ဘူး ဆိုရင်တော့ တခြားကျွန်တော့်ကို ကမ်းလှမ်းတဲ့ အသင်းတစ်သင်းကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားပါတယ်’’ဟု ကြည်လင်းက ဆိုသည်။ မြန်မာလိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲ ဒုတိယအကျော့ ရာသီဝက်ပြိုင်ပွဲအတွက် ကစားသမား အပြောင်းအရွှေ့ ကာလကို မေလ ၁၃ ရက်မှ ဇွန် လ ၁၂ ရက်အထိ သတ်မှတ်ထား သည်။

No comments:

Post a Comment