Tuesday, May 28, 2019

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း တိုက်ရိုက်ထုတ်လွှင့်စဉ် မသင့်လျော်သည့် စကားသံပါဝင်ခြင်းကြောင့် မြ၀တီရုပ်သံတောင်းပန် အစီအစဉ်ကြေညာသူကို အရေးယူမည်ဟုဆို

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းအကြိုဗိုလ်လုပွဲ ပထမအကျော့ ရှမ်းနှင့် ရခိုင်အသင်း ပွဲစဉ်ကို တိုက်ရိုက်ထုတ်လွှင့်ပြသစဉ် အစီအစဉ်ကြေညာသူ၏ မသင့်လျော်သည့် အာမေဍိတ်သံများ ထွက် ပေါ်ခဲ့သဖြင့် မြ၀တီရုပ်သံက တောင်းပန်ကြောင်း မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ မေလ ၂၅ ရက်က ရန်ကုန် မြို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သည့် ယင်းပွဲစဉ်တွင် ပွဲချိန် ၁၀ မိနစ်၌ ရှမ်းအသင်းတိုက်စစ်မှူး အီမန် နူရယ်က ရခိုင်ဘက်သို့ အဖွင့်ဂိုး သွင်းယူချိန်တွင် ဘောလုံးပွဲကြေ ညာသူ၏အသံမဟုတ်ဘဲ အခြား သူတစ်ဦးက ‘‘ဝမ်းသာလိုက် တာ...’’ စသည့် မသင့်လျော်သည့် စကားပြောဆိုမှု ထွက်ပေါ်ခဲ့ သည်။
ယင်းပွဲ၌ ရှမ်းအသင်းက ရခိုင်ကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိသည်။  အဆိုပါ ပြောဆိုမှုအပေါ် ရခိုင်အသင်းပရိသတ်များ၊ ဘော လုံးပရိသတ်များက လူမှုကွန်ရက် ၌ ဝေဖန်ပြောကြားမှု မြင့်မားခဲ့ သည်။ ထိုသို့ မသင့်လျော်သည့် စကားသံများပါသွားသဖြင့်မြ၀တီ ရုပ်မြင်သံကြားအနေဖြင့် ဘော လုံးအသင်း၊ အားကစားသမား များ၊ ပရိသတ်များ၊ ဘောလုံးအ ဖွဲ့ချုပ်နှင့် မြန်မာလိဂ်ကို တောင်း ပန်ကြောင်းနှင့် အစီအစဉ်ကြေ ညာသူကို လိုအပ်သည့် အရေးယူ ဆောင်ရွက်မှုများ ပြုလုပ်မည်ဖြစ် ကြောင်း ထုတ်ပြန်ချက်၌ ပါဝင် သည်။ ထိုသို့ ရခိုင်အသင်းနှင့် အ သင်းပရိသတ်များအပေါ် နစ်နာ စေသည့် အသုံးအနှုန်း တိုက်ရိုက် ထုတ်လွှင့်ချိန်တွင် ထုတ်လွှင့်မိခဲ့ သဖြင့် တိုက်ရိုက်ထုတ်လွှင့်သည့် မြ၀တီရုပ်သံ၏ အစီအစဉ်တင် ဆက်ရာ၌ တာဝန်ရှိသူ ကိုဝင်း ထိုက်က မေလ ၂၆ရက်တွင် လူမှု ကွန်ရက်၌ တောင်းပန်ခဲ့သည်။ မြန်မာလိဂ်အနေဖြင့်လည်း  အဆိုပါဖြစ်ရပ်အတွက် များစွာ စိတ်မကောင်း ဖြစ်ရကြောင်းနှင့် ဘောလုံးလောကအတွင်းမှ မည် သို့သော လူမျိုးရေး၊ အသားအ ရောင်ခွဲခြားမှုကိုမဆို အမြစ်ဖြတ် တိုက်ထုတ်ရမည့် အရာအဖြစ် ရှုမြင်ပြီး ယင်းဖြစ်ရပ်ကိုလည်း ပြင်းထန်စွာ ကန့်ကွက်ကြောင်း မေလ ၂၇ ရက်၌ ထုတ်ပြန်သည်။

No comments:

Post a Comment