Tuesday, May 28, 2019

ဖူဆယ်ပြိုင်ပွဲ အုပ်စု(ဃ)နှင့် (ဇ)မှ နောက်တစ်ဆင့်တက်အသင်းများထွက်ပေါ်

အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲ အုပ်စု (ဃ) နှင့် (ဇ) နောက်ဆုံးပွဲစဉ်များ အပြီးတွင် Winner Futsal, JYS, MIU Legend နှင့် ရွှေမြ၀တီအသင်းတို့ နောက်တစ်ဆင့် တက်ရောက်ခဲ့ သည်။  မေလ ၂၇ ရက်က အမျိုးသားအားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ၌ ကျင်းပသည့် အလွတ်တန်းဖူဆယ် ဖလားပြိုင်ပွဲအုပ်စု (ဃ) နှင့် (ဇ) နောက်ဆုံးပွဲစဉ်တွင် Dream Team အသင်းက White Colour ကို ၄-၃ ဂိုး၊ JYS က Red Ghost ကို ၁၂-၂ ဂိုး၊ Ennoble က 41 Ext Again ကို ၁၆-၂ ဂိုးဖြင့် အသီးသီးအနိုင်ရခဲ့သည်။



ရွှေမြ၀တီနှင့် မြို့မ YTD လူငယ်အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည်။ အလွတ်တန်း ဖူဆယ်ဖလားပြိုင်ပွဲ အုပ်စု (ဃ) နောက်ဆုံးပွဲစဉ်များအပြီး တွင် Winner Futsal က ရမှတ် ၁၀ မှတ်ဖြင့် အုပ်စု ပထမ၊ JYS က ရမှတ် ကိုးမှတ် အုပ်စုဒုတိယဖြင့် ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်ခဲ့သည်။  အုပ်စု (ဇ) တွင် MIU Legend နှင့် ရွှေမြ၀တီအသင်းတို့ ရမှတ် ရှစ်မှတ်စီ တူညီနေသော်လည်း ဂိုးကွာခြားချက်အသာရသည့် MIU Legend က အုပ်စု ပထမ၊ ရွှေမြ၀တီက အုပ်စုဒုတိယဖြင့် နောက်တစ်ဆင့်သို့ တက်ရောက်ခဲ့သည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ ချုပ်က ကြီးမှူးကျင်းပသည့် MFFFutsal Open Cup 2019 (ရန်ကုန်)ပြိုင်ပွဲသို့ ၃၅ သင်းက အုပ်စုရှစ်ခုခွဲကာ ကျင်းပခဲ့ပြီး အုပ်စုတစ်ခုစီမှ ထိပ်ဆုံးနှစ်သင်းစီ ရှုံးထွက်အဆင့် သို့ တက်ရောက်ခဲ့သည်။  ၁၆ သင်းအဆင့် ရှုံးထွက်ပြိုင်ပွဲများကို မေလ ၂၉ နှင့် ၃၀ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ကွာတား အဆင့်ပွဲစဉ်ကို ဇွန်လ ၁ ရက်၊ အကြိုဗိုလ်လုပွဲကို ဇွန်လ ၃ ရက်၊ ဗိုလ်လု ပွဲနှင့် တတိယလုပွဲတို့ကို ဇွန်လ ၅ ရက်တွင် ကျင်းပမည်ဖြစ်သည်။

No comments:

Post a Comment