Tuesday, May 28, 2019

အင်းဒင်ရွာလူသတ်မှုနှင့်ပတ်သက်၍ ပြစ်ဒဏ်ချခံရသည့် တပ်မတော်သားများပြန်လွတ်ခြင်းကို အတည်မပြုနိုင်သေးဟုဆို

အင်းဒင်ကျေးရွာ လူ သတ်မှုနှင့်ပတ်သက်၍  ထောင် ဒဏ် ၁၀ နှစ်ချမှတ်ခံရသည့်  တပ်မတော်သားခုနစ်ဦးစောစီးစွာ ပြန်လွတ်မြောက်ခဲ့ကြောင်း သ တင်းနှင့်ပတ်သက်၍  အတည်ပြု နိုင်ခြင်းမရှိသေးကြောင်း ကာ ကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီး ဌာနတာဝန်ရှိသူများက ပြောသည်။ ၂၀၁၇က ရခိုင်ပြည်နယ် တွင် ပြုလုပ်သည့် နယ်မြေရှင်း လင်းရေးလုပ်ငန်းအတွင်း ဘင်္ဂါ လီလူမျိုး ၁၀ ဦးအသတ်ခံရမှုနှင့် ပတ်သက်၍ အရေးယူခံရသည့် တပ်မတော်သား ခုနစ်ဦးသည် ဆောလျင်စွာ  လွတ်မြောက်ခဲ့ ကြောင်း အကျဉ်းထောင်အရာရှိ နှစ်ဦး၊ အကျဉ်းသားဟောင်းနှစ်ဦး နှင့် လွတ်မြောက်လာသူတစ်ဦး တို့ကို ကိုးကား၍ ရိုက်တာသတင်း ဌာနက မေလ၂၇ ရက်တွင်ဖော်ပြ သည်။



ယမန်နေ့က နေပြည်တော် ၌ ပြုလုပ်သည့် အစိုးရတတိယ နှစ် သတင်းစာရှင်းလင်းပွဲတွင်  ယင်းကိစ္စနှင့်ပတ်သက်၍ မီဒီယာ များ၏မေးမြန်းမှုကို ‘‘အင်းဒင်ကိစ္စ ကတော့ ကျွန်တော်တို့လည်းမသိ သေးပါဘူး။  ခုနက သတင်း ထောက်ကြီးမေးမှ  ကျွန်တော် လည်း သိတာပါ။ ဒါနဲ့ပတ်သက် လို့ ပြည်ထဲရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးခိုင်ထွန်း ဦးလည်း ဖြေပြီးတော့  အကျဉ်းဦး စီးဌာနကလည်း ဖြေကြားပြီးဖြစ် ပါတယ်။ ကျွန်တော်တို့လည်းမသိ သေးပါဘူး’’ ဟု ကာကွယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူးချုပ် အောင်ကျော်ဟိုးက ဖြေကြားသည်။ စစ်ဥပဒေချုပ်ရုံးမှ ဗိုလ် မှူးကြီး အောင်ခင်သိန်းကမူ ယင်း ကိစ္စနှင့်ပတ်သက်၍ အတည်ပြု နိုင်ခြင်းမရှိသေးကြောင်းဖြေကြား သည်။

အကျဉ်းဦးစီးဌာနညွှန်ကြား ရေးမှူးချုပ်ဦးမြင့်စိုးက ရှင်းလင်း ရာတွင် ‘‘အင်းဒင်ကိစ္စနဲ့ ပတ် သက်ပြီးတော့ တပ်မတော်သား ခုနစ်ဦးကို လွှတ်ပေးတဲ့ကိစ္စမှာ ကျွန်တော်တို့ အကျဉ်းထောင်မှာ တပ်မတော်သားခုနစ်ဦးနဲ့ ပတ် သက်ပြီးတော့၊ အင်းဒင်ကိစ္စနဲ့ပတ်သက်ပြီးတော့ ထိန်းသိမ်းထားတာ မရှိပါဘူးခင်ဗျ’’ဟုပြောသည်။

ယင်းစစ်သားများသည် ပြီး ခဲ့သည့်နှစ် နိုဝင်ဘာက လွတ်လာ ခဲ့ကြောင်း အကျဉ်းသားနှစ်ဦးက ပြောကြားသဖြင့် ၎င်းတို့သည် အင်းဒင်ရွာ လူသတ်မှုများဖြင့် ချမှတ်ခံရသော ထောင် ဒဏ် ၁၀ နှစ်အတွက် တစ်နှစ် မပြည့်မီ ပြန်လွတ်လာသည့်သဘောဖြစ် သည်ဟု ရိုက်တာသတင်းဌာနက ရေးသားသည်။

No comments:

Post a Comment