Tuesday, May 28, 2019

ခြေစမ်းပွဲနှစ်ပွဲစလုံး ရလဒ်ကောင်းအောင်ယှဉ်ပြိုင်မည်ဟု ပိုဟန်းစတီးလားနည်းပြဆို

 မြန်မာယူ-၂၂အသင်း၊ ဧရာဝတီအသင်းတို့နှင့် ခြေစမ်း ပွဲတွင် ရလဒ်ကောင်းအောင်ယှဉ် ပြိုင်မည်ဟု တောင်ကိုရီးယား ကေလိဂ် - ၁ ကလပ်ပိုဟန်းစတီး လားအသင်းနည်းပြ ချွဲဆွန်းဟိုက ပြောသည်။  ပိုဟန်းစတီးလား အသင်း သည် ရန်ကုန်ခြေစမ်းခရီးစဉ် အတွင်း မေလ ၂၈ ရက်တွင် ဧရာ ၀တီအသင်း၊ မေလ ၃၀ ရက်တွင် ပဏာမမြန်မာ ယူ-၂၂ အသင်း တို့နှင့် သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင် မည်ဖြစ်ပြီး ၀င်ကြေးအခမဲ့သတ် မှတ်ထားသည်။



‘‘ခြေစမ်းပွဲ နှစ်ပွဲစလုံးက ကစားသမားတွေ အတွေ့အကြုံ ရသလိုနှစ်နိုင်ငံ ချစ်ကြည်ရေးကို လည်း အထောက်အကူပြုမှာပါ။ လူငယ်တွေကို အဓိကပွဲထုတ် သွားပါမယ်။ နှစ်ပွဲစလုံးကို သေ ချာအာရုံစိုက်ပြီး ရလဒ်ကောင်းဖို့ ကစားမှာပါ’’ ဟု မေလ ၂၇ ရက်ကပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ပိုဟန်းစတီးလားအသင်းနည်းပြ ချွဲဆွန်းဟိုကပြောသည်။  ပိုဟန်းစတီးလား အသင်း သည် ၁၉၉၄ တွင် မြန်မာနိုင်ငံသို့ ပထမအကြိမ် လာရောက်ခြေ စမ်းဖူးပြီး ယခုခြေစမ်းခရီးစဉ် သည် ဒုတိယအကြိမ်ဖြစ်သည်။ ပိုဟန်းစတီးလား အသင်းနှင့် ခြေစမ်းခွင့်ရခြင်းက အသင်း အတွက် အခွင့်အရေးကောင်း တစ်ခုဖြစ်စေကြောင်း ဧရာဝတီ အသင်းနည်းပြချုပ် ဦးမျိုးလှိုင် ၀င်းကပြောသည်။

မြန်မာ ယူ - ၂၂ အသင်း နည်းပြချုပ်ပိုပေါ့ကလည်း ပိုဟန်း စတီးလားအသင်းသည် အသင်း ကောင်းဖြစ်သဖြင့် ခက်ခဲနိုင် ကြောင်း ပွဲကြိုသတင်းစာရှင်း လင်းပွဲတွင် သုံးသပ်သည်။အရှေ့ တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း) အတွက်ပြင်ဆင်နေ သည့်မြန်မာယူ-၂၂ အသင်းသည် ဇွန်လ ၇ ရက်တွင် ဗီယက်နမ် နိုင်ငံ၌ ဗီယက်နမ်ယူ-၂၂အသင်း နှင့်ခြေစမ်းရန် စီစဉ်ထားသည်။ တောင်ကိုရီးယား ကေလိဂ် (၁) ကလပ်ပိုဟန်းစတီးလား အသင်းသည် ၁၉၈၃ က စတင် တည်ထောင်ပြီး ပြည်တွင်းရှုံး ထွက်ပြိုင်ပွဲ ချန်ပီယံဆုလေး ကြိမ်နှင့် အာရှချန်ပီယံလိဂ် ချန်ပီယံဆု သုံးကြိမ်ရရှိထားသည့် အသင်းဖြစ်သည်။

No comments:

Post a Comment