Tuesday, May 28, 2019

မြေယာမစွန့်လွှတ်သည့်ကိစ္စ မကွေးဝန်ကြီးချုပ်၏မှတ်ချက် အမျိုးသားရင်ကြားစေ့ရေးနှင့်ကွဲလွဲဟု တပ်မတော်ပြောကြား ရန်လိုသည့်သဘောထားမရှိဘဲ ရင်ကြားစေ့ချင်လွန်းသူတစ်ဦးဖြစ်ကြောင်း ဒေါက်တာအောင်မိုးညိုပြန်ရှင်း

တပ်မတော်၏ မြေယာရယူထားမှုနှင့် စပ်လျဉ်းသည့် မကွေးတိုင်းဝန်ကြီးချုပ်၏  မှတ်ချက် သည် တစ်ဖက်သတ်အပြစ်ပြောသည့် ပုံစံဖြစ်နေပြီး ပြည်သူနှင့် ရန်တိုက်သကဲ့သို့ ဖြစ်နေသည်ဟု ကာ ကွယ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဗိုလ်မှူး ချုပ်အောင်ကျော်ဟိုးက ပြောသည်။ မင်းဘူးမြို့တွင် အခြေစိုက်သည့် တပ်မတော်တပ် ရင်းတစ်ခုက ပွင့်ဖြူမြို့တွင်  ရယူထားသော မြေကို ပြန်လည်စွန့်လွှတ်ပေးရန်ဆောင်ရွက်စဉ် တပ်မ တော်ဘက်က တုံ့ပြန်ပုံအကြောင်း မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၏ ပြောဆိုချက်ကို ၎င်းကရည်ညွှန်း ခြင်းဖြစ်သည်။



အဆိုပါ သိမ်းဆည်းမြေနှင့် စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီး  ဗိုလ်ချုပ်ကြီးစိန်ဝင်းက လယ်က ထွက်တာနှင့် တပ်ကိုထောက်ပံ့ နေရကြောင်း၊ မြေကိုတောင်သူကို ပြန်လည်ပေးအပ်ပြီး လိုအပ် သောရိက္ခာကို တပ်မတော်က၀ယ် သုံးရပါကငွေကြေး ဖောင်းပွမှုဖြစ် လာနိုင်ကြောင်းစသဖြင့် ပြန်လည် ရှင်းလင်း၍ အခက်တွေ့ရ ကြောင်း မေလ ၁၄ ရက်ကမကွေး မြို့၌ ဒေသခံသတင်းထောက်များ နှင့် တွေ့ဆုံစဉ် ဒေါက်တာအောင် မိုးညိုက ပြောကြားခြင်းဖြစ်သည်။

ဗိုလ်မှူးချုပ်အောင်ကျော် ဟိုးက ‘‘မကွေးတိုင်းဝန်ကြီးချုပ်၏ ပြောကြားချက်နဲ့ ပတ်သက်ပြီး တော့ နိုင်ငံတော်အစိုးရကနေပြီး ချမှတ်ထားတဲ့ အမျိုးသားရင်ကြား စေ့ရေးမူဝါဒနဲ့ ကွဲလွဲလျက်ရှိပြီး တော့ မိမိတို့ကာကွယ်ရေးဝန်ကြီး ဌာနက အကျိုးသင့်အကြောင်း သင့် ကျွန်တော်တို့ ရှင်းလင်းပြ တာကို မျက်ကွယ်ပြုပြီးတော့တပ် မတော်ကို တစ်ဖက်သတ်အပြစ် ပြောနေတဲ့ ပုံစံဖြစ်နေပါတယ်’’ ဟု မေလ ၂၇ ရက် မီဒီယာတွေ့ဆုံ ပွဲတွင် ပြောသည်။

မကွေးတိုင်း ၀န်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကမူ ‘‘ကျွန်တော်တို့ရဲ့ ရပ်တည်ချက် သဘောထားက ဘာမှ ရန်လိုတဲ့ သဘောထားမဟုတ်ဘူး’’ ဟု 7Day Daily အား ပြောသည်၊၊

ထို့အပြင် ရင်ကြားစေ့ချင် လွန်း၍ တပ်မတော်ဆွဲသည့် ခြေ ဥဖြင့် ရွေးကောက်ပွဲဝင်ခြင်းဖြစ် သည်ဟု ပြောသည်။

နိုင်ငံတော် သမ္မတကြီးက တပ်ရင်းနဲ့မြေနေရာ တစ်နေရာစီ ဖြစ်ပါကပြန်ပေးရန် ညွှန်ကြား ထား၍ ပြန်လည်တောင်းယူရခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

တပ်မတော်ဘက်ကမူ ဖွဲ့ စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပ ဒေပြုရေး ကိစ္စရပ်များတွင် တက် ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက် နေကြောင်း ပြောသည်။ ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် မြေသိမ်းရာတွင် မူဝါဒ သုံးရပ်ဖြင့် ချမှတ်ဆောင်ရွက်နေ ပြီး ၂၀၁၃-၁၄ ကစ၍ ယခု ၂၀၁၉ မေလ ၂၂ ရက်အထိ စုစုပေါင်း မြေဧက ၂၇၅,၆၁၀ ဒသမ ၉၂၀ ဧကကို နိုင်ငံတော်သို့ စွန့်လွှတ် ပေးထားပြီးဖြစ်သည်ဟု ဗိုလ်မှူး ချုပ်အောင်ကျော်ဟိုးက ပြော သည်။

No comments:

Post a Comment