Tuesday, May 28, 2019

လျှပ်စစ်အကျပ်အတည်းသည် စွမ်းအင်သယံဇာတ မရှိ၍မဟုတ်၊ ရှိသည့်စွမ်းအင်ကို စာချုပ်ဖြင့် ရောင်းထား၍လည်း မဟုတ်ဟု တပ်မတော်သား ကိုယ်စားလှယ်ဆို

မြန်မာနိုင်ငံ၏ လျှပ်စစ်အကျပ်အတည်းသည် စွမ်းအင်သယံဇာတ မရှိ၍ မဟုတ်သကဲ့သို့ ရှိသည့် စွမ်းအင်ကို စာချုပ်ဖြင့် ရောင်း ထား၍လည်းမဟုတ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက မေလ ၂၇ ရက်တွင် ပြောကြားသည်။



ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ဦးတင်မောင်ဝင်း တင်သွင်းသည့် မြန်မာနိုင်ငံတွင် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီဌာန အနေဖြင့် ၂၀၃၀ ခုနှစ်တွင် လျှပ်စစ်စွမ်းအား ၁၀၀ ရာခိုင်နှုန်း ပြည့်ဝစွာ ရရှိရေး ဆောင်ရွက်နေရာ ယင်း ကိစ္စနှင့် စပ်လျဉ်း၍ ၀န်ကြီးဌာနအနေဖြင့် ဆောင်ရွက်ထားရှိမှုကို တိကျခိုင်မာသော မူဝါဒလမ်းညွှန်မှု များဖြင့် ဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုနှင့်ပတ်သက်၍ ဆွေးနွေးစဉ်ယင်းသို့ ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာနှင့် ယှဉ်ပါက မည်သို့ ဖြစ်နေရသည်ဆိုသည့် အချက်နှစ်ချက် ရှိသည်ဟု ဆိုရမည်ဖြစ် ကြောင်း၊ ပထမ အချက်သည် လျှပ်စစ်ကဏ္ဍ စီမံခန့်ခွဲမှု စနစ်ကို ပြောင်းလဲ ဆောင်ရွက်ရန် လိုအပ်နေခြင်း ဖြစ်ကြောင်း၊ ဒုတိယ အချက်သည် ဒေသတွင်းတွင် အနိမ့်ဆုံးအဆင့်ရောက်နေသည့် မိမိတို့နိုင်ငံတွင်
သဘာဝပတ်ဝန်းကျင် အရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး ရောထွေးနေပြီး နိုင်ငံရေးကိစ္စအဖြစ် ရှေ့တန်းရောက်လာသည့် ကိစ္စတို့ကြောင့် ဖြစ်သည်ဟု တပ်မတော်သား ကိုယ်စားလှယ် ကဆိုသည်။

ထို့အတူ အရေးကြီးသည်မှာ နိုင်ငံတော်မှ အကောင်အထည် ဖော်မည့် စွမ်းအင်မူဝါဒကို ပြည်သူလူထု နားလည် အောင်ရှင်းပြပြီး ပြည်သူ့အားကို ယူမည်ဆိုသည့် မူဝါဒကို အကောင်အထည် ဖော်ရာတွင် ပြည်သူလူထု ပါဝင်လာစေရေး ဆိုသည့် အချက်ကို ထည့်သွင်းရန် ဖြစ်ကြောင်း တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက ထည့်သွင်းပြောဆိုခဲ့သည်။

No comments:

Post a Comment