Tuesday, May 28, 2019

ဝရမ်းထုတ်ထားသည့် မိုက်ကယ်ကျော်မြင့်နှင့် တစ်ဦးကို ရဲတပ်ဖွဲ့မမိသေး

 ဒဂုံမြို့သစ်တောင်ပိုင်း၌ ဖြစ်ပွားခဲ့သည့် အစ္စလာမ်ဘာသာဝင်များ၏ ဥပုသ်လ ဝတ်ပြုဆုတောင်းပွဲ တားဆီးပိတ်ပင်ရာတွင် ပါဝင်သူ မိုက်ကယ်ကျော်မြင့်ပါ နှစ်ဦးကို တရားရုံးက ၀ရမ်းထုတ်ပြီးနောက် ပဲခူးအထိ လိုက်လံဖမ်းဆီးသော်လည်း ထွက်ပြေးလွတ်မြောက်သွားသည်ဟု ရဲဗိုလ်ချုပ်မျိုးဆွေဝင်းက ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ပြောသည်။
‘‘မိုက်ကယ်ကျော်မြင့်က အ ရင်တုန်းကတော့ လက်ရှိငြိမ်းချမ်းရေးရယူထားတဲ့ စီးပွားရေးတာဝန်ခံ ဖြစ်တဲ့အတွက်ကြောင့် မိုက်ကယ်ကျော်မြင့်ရော၊  သီဟမျိုးနိုင်ရော နှစ်ယောက်ကတော့ အဲဒီအဖွဲ့ထဲမှာ သွားပြီးတော့ တိမ်းရှောင်နေကြောင်း သိရှိရတဲ့အတွက် ကြောင့် သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့မှ ဆောင်ရွက်လျက်ရှိပါ တယ်’’ဟု ၎င်းကပြောသည်။ သို့သော် မည်သည့်အဖွဲ့အစည်းဖြစ်ကြောင်းနှင့် မည်သည့်ဒေသသို့ ရောက်သွားကြောင်းကို တိတိကျကျ ထုတ်ဖော်ပြောကြားခြင်းမရှိပေ။ မေလ ၁၆ ရက်က ဒဂုံမြို့ နယ်တောင်ပိုင်း မြို့နယ်တရားရုံး က ဖမ်းဝရမ်းထုတ်သဖြင့် သတင်းရရှိထားသော ဒဂုံမြောက်ပိုင်း (၄၂)ရပ်ကွက် ပီမိုးနင်းလမ်းရှိ ၎င်းနေထိုင်ရာ နေအိမ်သို့ သွားရောက်ရှာဖွေသော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ဟု ရဲဗိုလ်ချုပ်ကဆိုသည်။ ‘‘ကျွန်တော်တို့ သုံးသပ်ချက် အရတော့ ပဲခူးမှာ ကားပြောင်းစီး ပြီးတော့မှ ခရီးသည်တင်ကားနဲ့ လိုက်သွားတယ်လို့ သုံးသပ်မိရပါ တယ်’’ဟု ၎င်းကပြောသည်။

No comments:

Post a Comment