Tuesday, May 28, 2019

သတင်းခိုးယူတင်ဆက်နေသူများစာရင်း မီဒီယာကောင်စီထုတ်ပြန်

တရားဝင်မီဒီယာများမှ ခိုးကူးနေသည့် သတင်းပေ့ခ်ျနှင့် ဝက်ဘ်ဆိုက်အတု ၃၁ ခုကို အ များပြည်သူသိရှိစေရေး မြန်မာ နိုင်ငံသတင်းမီဒီယာကောင်စီက မေလ ၂၇ရက်တွင် ထုတ်ပြန်ကြေ ညာသည်။
 ‘‘အခုနောက်ပိုင်းမှာ သ တင်းအတုအယောင်ပေ့ခ်ျတွေ၊ ဝက်ဘ်ဆိုက်တွေ တအားပေါလာ တယ်။ ဒါတွေကို အရေးယူပေးပါ လို့ဆိုပြီး  တိုင်ကြားတာတွေရှိ တယ်။ ဒါကြောင့်  ကျွန်တော်တို့ ဖော်ထုတ်နေတာပါ။ ဒီကိစ္စကို အရေးယူရမယ့် အဖွဲ့အစည်း တော့မဟုတ်ဘူး။ ဒီဟာကဒီဟာရှိ တယ်ဆိုတာကို ထုတ်ပြန်တဲ့အ ဆင့်ထိပဲ လုပ်ဆောင်နေကြရ တာပေါ့’’ဟု မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီ အတွင်းရေးမှူး ဦးကျော်စွာမင်းက ပြောသည်။



သတင်းမီဒီယာကောင်စီအ နေဖြင့် မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာန တွင် မှတ်ပုံတင်ထားခြင်းရှိ၊မရှိ စိစစ်ပြီးနောက်  သတင်းခိုးယူနေ သည့် ပေ့ခ်ျများ၊ ဝက်ဘ်ဆိုက်များ ကို  ထုတ်ပြန်ကြေညာခြင်းဖြစ် ကြောင်း ကောင်စီထုတ်ပြန်ချက် ၌ ရေးထားသည်။ ‘‘သတင်းခိုးယူမှုကို အဓိက ရင်ဆိုင်နေရတာက ဒစ်ဂျစ်တယ် မီဒီယာပဲ။ သတင်းဌာနစစ်စစ်က  သတင်းတွေကို ခိုးကူးတဲ့ပေ့ခ်ျ တွေက  အစုံရနေရတယ်။သတင်း စားသုံးသူက အတု၊ အစစ်တွေ ကြည့်နေမှာမဟုတ်ဘူး။ သူဘယ် လောက်အထိ စားသုံးရမလဲဆို တာပဲကြည့်မှာ။ အဲဒါကြောင့် သူ ခိုးပေ့ခ်ျတွေက အောင်မြင်လာ တာ’’ဟု စံတော်ချိန် ဒစ်ဂျစ်တယ် မီဒီယာတာဝန်ခံအယ်ဒီတာ ကို ဂျေငြိမ်းကပြောသည်။

‘‘ကျွန်တော်တို့က သတင်း တစ်ပုဒ်ရဖို့အတွက် စိုက်ထုတ်သုံး စွဲရတယ်။ ဝန်ထမ်းစရိတ်သုံးစွဲမှု တွေလည်း ရှိတယ်။ သူတို့က လိုင်းလေးဖွင့်ပြီးတော့သတင်းကူး ယူဖော်ပြနေတာ  ဘာမှကုန်တာ မဟုတ်ဘူး။ သူတို့ရဲ့လုပ်ဆောင်မှု တွေက တရားဝင်မီဒီယာတွေကို ပါ ရိုက်ခတ်လာတယ်’’ဟု ၎င်းကဆက်လက်ပြောသည်။ တရားဝင်ရပ်တည်နေသော သတင်းဌာနများထံမှ ခိုးယူပြီး သတင်းတင်ဆက်နေသည့် မီဒီ ယာအမည်ခံ သတင်းခိုးယူနေ သည့် ပေ့ခ်ျများနှင့်ဝက်ဘ်ဆိုက် စာရင်းတွင် Pho Thu Taw၊ မြန်မာ့သတင်းစုံ၊ Lwin Pyin၊ ZeeKwat(ဇီးကွက်)၊ Thadinhtoo အစရှိသဖြင့် စုစုပေါင်း ၃၁ ခုပါဝင်သည်။

No comments:

Post a Comment