Tuesday, May 28, 2019

မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) တွင် ကျပ်သိန်း ၉၀ဝ ကျော် အပ်နှံထားသည့်အပေါ် ဘဏ်မှ သိန်း ၅၀ဝ အလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ နစ်နာသူက သတင်းစာရှင်းလင်း

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) တွင် ငွေကျပ် သိန်း ၉၀ဝ ကျော် အပ်နှံထားသည့်အပေါ် ဘဏ်မှ သိန်း ၅၀ဝ အလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သက်၍ နစ်နာသူက မေ ၂ရရက် နံနက်ပိုင်းက  Chindwin Institute ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်က မုံရွာမြို့ ကမ္ဘောဘဏ်ခွဲ (၁) တွင် ငွေစုစာအုပ် ပြုလုပ်ခဲ့ကြောင်း၊ ယင်းနေ့တွင် ကျပ်သိန်း၂၀ဝ ကို ငွေစုစာအုပ်တွင် သွင်းခဲ့ကြောင်း၊ ထို့နောက် ငွေစုစာအုပ်တွင် ငွေများ အသီးသီး သွင်းခဲ့ကြောင်း၊ ဘဏ်စာအုပ်ထဲတွင် အတိုးနှုန်း အပါအဝင် ကျပ်သိန်း ၉၀ဝ ကျော် ဖြစ်ကြောင်း ကာယကံရှင်ဖြစ်သူ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မုံသွင်ကျေးရွာမှ ဦးကိုဦးက ဆိုသည်။



“မုံရွာ ကမ္ဘောဇဘဏ်ခွဲ (၁) မှာ ငွေစု စာအုပ်ကို၂၀၁၇ ခုနှစ် စက်တင်ဘာ ၂၇ ရက်မှာ လုပ်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ကျပ်သိန်း၂၀ဝ ကို စာအုပ်ထဲ သွင်းခဲ့တယ်။၂၀၁၇ ခုနှစ် နိုဝင်ဘာ ၉ ရက်မှာ တစ်ကြိမ် သွင်းခဲ့တယ်။ ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂ ရက်မှာ ကျပ်သိန်း ၁၅၀ သွင်းခဲ့တယ်။၂၀၁၈ ခုနှစ် ဧပြီ ၁၀ ရက်မှာ သိန်း ၅၀ ကို သွင်းခဲ့တယ်။ ၂၀၁၈ ခုနှစ် စက်တင်ဘာ ၁၂ ရက်မှာ ကျပ်သိန်း ၁၉၀ သွင်းခဲ့တယ်။ ဘဏ်ထဲမှာ ကျွန်တော် ငွေသားအဖြစ်နဲ့ သိန်း ၈၉၀ ကို ဖြစ်တယ်။၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်အထိ အတိုးနှုန်းကော တွက်ထားတဲ့ စာရင်းအရ ဆိုရင်တော့ ကျပ်သိန်း ၉၀ဝ ကျော် ရှိပါတယ်။ အဲဒီနောက် ဘဏ်မှာ ငွေစုဖို့ ဆိုပြီးတော့ ဘဏ်ကို သွားတဲ့အခါမှာ စာအုပ်ထဲမှာ ဘယ်လောက်ရှိသလဲလို့ မေးလိုက်တဲ့ အခါကျတော့ ဘဏ်မန်နေဂျာ အမျိုးသမီးက စာအုပ်ထဲမှာ သိန်း ၄၀ဝ ကျော်ပဲ ကျန်ပါတော့တယ်လို့ ကျွန်တော့်ကို ပြောတယ်” ဟု ကာယကံရှင် ဖြစ်သူ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မုံသွင်ကျေးရွာမှ ဦးကိုဦးက ဆိုသည်။ ဘဏ်စာအုပ်ထဲတွင် ငွေထုတ်သည့် အထောက်အထား မရှိကြောင်း၊ ဘယ်သူ တစ်ဦးတစ်ယောက်မျှ ဘဏ်စာအုပ်နှင့် မှတ်ပုံတင် အပါအဝင် ငှားရမ်းခြင်း၊ ထုတ်ပေးခြင်း မပြုလုပ်ခဲ့ကြောင်း၊ လက်ရှိ အချိန်အထိ ဘဏ် စာအုပ်ထဲတွင် ငွေထုတ်ရာ လက်မှတ်မရှိကြောင်း ゞင်းက ဆက်လက် ပြောကြားသည်။

မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) တွင် ငွေကျပ် သိန်း ၉၀ဝ ကျော် အပ်နှံထားသည့်အပေါ် ဘဏ်မှ သိန်း ၅၀ဝ အလွဲသုံးစား ပြုလုပ်မှုနှင့် ပတ်သက်၍ နစ်နာသူက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည့်အပေါ် မုံရွာမြို့ ကမ္ဘောဇဘဏ် (၁) မှ ဘဏ်မန်နေဂျာ အမျိုးသမီးဆိုသူအား သွားရောက် မေးမြန်းရာတွင် “ရုံးချုပ်အနေနဲ့ ဒါနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုတွေ ဆောင်ရွက်နေတယ်”ဟု ပြန်လည် ဖြေကြားသည်။

ထို့ပြင် မေ ၂၀ ရက်က ကာယကံရှင်ဖြစ်သူ ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မုံသွင်ကျေးရွာမှ ဦးကိုဦးမှ တရားလို ပြုလုပ်ကာ မုံရွာမြို့မရဲစခန်းတွင် မုံရွာ ကမ္ဘောဇဘဏ်(၁) မှ မန်နေဂျာ အမျိုးသမီးအား အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့် ပက်သက်၍ မုံရွာ ကမ္ဘောဘဏ် (၁) မှ ဘဏ်မန်နေဂျာဖြစ်သူ မ--- (၄၀ နှစ်)အား မုံရွာမြို့မရဲစခန်းမှ (ပ)၁၀၆၂/ ၂၀၁၉၊ ရာဇသတ်ကြီး ပုဒ်မ ၄၀၆ အရ အမှုဖွင့် အရေးယူထားကြောင်း သိရသည်။   

No comments:

Post a Comment