Tuesday, May 28, 2019

ကလေးမြို့နယ်တွင် ကျောက်မီးသွေးတွင်းပြိုကျ လူတချို့သေဆုံးပြီး တချို့ပိတ်မိနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ကြက်ဖနက်ချောင်းဖျား၊ ပလူဇဝဒေသမှာ ထူးဟန်သစ်ကုမ္ပဏီက တူးဖော်နေတဲ့ ကျောက်မီးသွေးတွင်း မေလ ၂၇ ရက် ည ၁၂ နာရီလောက်က ပြိုကျခဲ့ပြီး လူ ၄ ဦးသေဆုံးကာ လူတချို့ပိတ်မိနေပါတယ်။ ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက်မှာ သီတင်းနှစ်ပတ်အတွင်း ကျောက်မီးသွေးတွင်း မတော်တဆမှု ဒုတိယအကြိမ်ဖြစ်ပွားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၉ ရက် ညနေ ၅ နာရီလောက်ကလည်း ကျောက်မီးသွေး တူးဖော်ရာမှာ အသုံးပြုတဲ့ ယမ်းပေါက်ကွဲမှုဖြစ်လို့ တရုတ်နိုင်ငံသား ၁ ဦးနဲ့ မြန်မာနိုင်ငံသား ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်ကလည်း ထူးဟန်သစ်ကုမ္ပဏီလုပ်ကွက်မှာ ကျောက်မီးသွေးတွင်းလှိုင်ခေါင်းအမိုး မြေသားပြိုကျလို့ လုပ်သား ၁ဦးသေဆုံးပြီး ၁ဦးဒဏ်ရာရရှိခဲ့ပါတယ်။

No comments:

Post a Comment