Tuesday, May 28, 2019

မွန်ပြည်နယ်တွင် ဆိုင်ကယ်အမှန်တကယ်အသုံးပြုသူများသာ လိုင်စင်ပြုလုပ်ပေးရန် နယ်လုံဝန်ကြီး သတိပေး

 မွန်ပြည်နယ်၌ ဒေသ တွင်း ဆိုင်ကယ်လိုင်စင် ပြုလုပ်ပေးချိန်တွင် အမှန်တကယ်အသုံး ပြုမည့်သူကိုသာ ပြုလုပ်ပေးရန် နှင့် လိုက်နာမှု မရှိပါက သိမ်းယူမည်ဖြစ်ကြောင်း မွန်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။ မေလ ၂၇ ရက်က မော်လ မြိုင် ငွေမိုးဟိုတယ်၌ ကျင်းပသည့် မွန်ပြည်နယ် ယာဉ်အန္တရာယ်ကင်းစင်ရေး တွေ့ဆုံပွဲတွင် ၎င်းက ထို သို့ ပြောကြားခြင်းဖြစ်သည်။



ဒေသလိုင်စင် ပြုလုပ်သည့် အချိန်တွင် ဆိုင်ကယ်ဈေး တက် လာခြင်း၊ လိုင်စင်မဲ့ဘီးများ ဈေး တက်လာခြင်း မရှိစေရန် ပြော ကြားခြင်းဖြစ်ကြောင်း ဗိုလ်မှူးကြီးနေထွဋ်ဦးက ဆိုသည်။ ‘‘ဆိုင်ကယ်နဲ့ ပတ်သက်ပြီး ယာဉ်လိုင်စင် ပြုလုပ်ပေးမယ့်ကိစ္စ စီးပွားရေးဆန်တဲ့ ကိစ္စမျိုးမလုပ် ဖို့ သတိပေးလိုက်မယ်။ အမှန် တကယ် သုံးစွဲမယ့်လူအတွက် ဆိုင်ကယ်လိုင်စင်ကို လုပ်ပေးခြင်းဖြစ်တယ်။ စီးပွားရေးဆန်သော ပုဂ္ဂိုလ်များ စီးပွားရေးဆန်ဆန် လုပ်ရင် သိမ်းမယ်ဆိုတာ ပြော ချင်တယ်’’ဟု ဗိုလ်မှူးကြီး နေထွဋ် ဦးက ပြောသည်။

မွန်ပြည်နယ်တွင် ဆိုင်ကယ် လိုင်စင်နံပါတ်ကို (၃၄ ယ) ထိ ပြုလုပ်ထားပြီး ကျန်သည့် လိုင်စင် မဲ့ဆိုင်ကယ်များကို စနစ်တကျ ဖြစ်အောင် ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်ဖြင့် မကြာမီဒေသတွင်း လိုင်စင်ရရှိရေး ဆောင်ရွက်ရန် စီစဉ်နေကြောင်း ပြည်နယ်အစိုးရ အဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက ဆိုသည်။ ‘‘ပြည်ထောင်စု အစိုးရကို တင်ပြလိုက်တော့ လုပ်ထုံးလုပ် နည်းအတိုင်း ဆောင်ရွက်ပါဆိုပြီး ညွှန်ကြားခဲ့လို့ လိုင်စင်မဲ့ဆိုင်ကယ်တွေက ကညနရုံးမှာ အခွန်ဆောင် ပြီး မွန်လိုင်စင်ထုတ်ပေးဖို့ စီမံနေ ပါပြီ။ ခွင့်ပြုချက်လည်း ရပြီးဖြစ် တဲ့အတွက် သက်ဆိုင်ရာဌာနက နေ သူ့ရဲ့ လုပ်ထုံးလုပ်နည်းနဲ့အတူ စီမံဆောင်ရွက်နေပြီဖြစ်တယ်’’ ဟု ဦးမြင့်သန်းဝင်းက ပြောကြားသည်။

No comments:

Post a Comment