Tuesday, May 28, 2019

နေမာနှင့် မက်ဘီ ပီအက်စ်ဂျီအသင်းတွင် ဆက်လက်ရှိမည်ဟု နည်းပြပြောကြား

လီဂူးဝမ်းချန်ပီယံ ပီအက်စ် ဂျီနည်းပြ သောမတ်စ်တူချယ်က ၎င်းအနေဖြင့် နေမာနှင့်မက်ဘီ အသင်းတွင်   ဆက်ရှိနေမည်ဟု အာမ  မခံနိုင်ကြောင်း ပြောကြား သည်။ တစ်ရာသီသက်တမ်းရှိစာ ချုပ်သစ်တစ်ရပ် ချုပ်ဆိုအပြီး တူ ချယ်၏အနာဂတ်သေချာနေစဉ် ဘာစီလိုနာကြယ်ပွင့်ဟောင်း နေ မာသည် လာလီဂါသို့ ပြန်သွား မည်ဆိုသော ချိတ်ဆက်ပြောဆို မှုများ ဆက်လက်ထွက်ပေါ်နေစဉ် ထိပ်တန်းဂိုးသွင်းရှင် မက်ဘီ သည် ပီအက်စ်ဂျီမှ ထွက်ခွာနိုင် သည်ဟု အရိပ်အမြွက်ပြောကြား ထားသည်။



နည်းပြတစ်ဦးအနေဖြင့် မိမိ အားထားရသော ကစားသမား များကို ပီအက်စ်ဂျီ၌သာ ဆက်ရှိ စေလိုသော်လည်း မိမိအနေဖြင့် ကတိမပေးနိုင်ကြောင်း နေမာနှင့် မက်ဘီတို့၏ အနာဂတ်အခြေ အနေနှင့်ပတ်သက်၍ မေးမြန်း ချက်ကို ဖြေကြားသည်။

ပီအက်စ်ဂျီက ပြင်သစ်လီဂူး ဝမ်းဖလားကို ထပ်မံရယူနိုင်ခဲ့စဉ် ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားရခဲ့ သော မက်ဘီသည် လီဂူးဝမ်းတွင် ၃၃ ဂိုးသွင်းပြီး ပြိုင်ပွဲအရပ်ရပ်၌ ၃၉ ဂိုးသွင်းယူခဲ့သည်။

ချန်ပီယံလိဂ် ၁၆ သင်းအ ဆင့်မှ ထွက်ခဲ့ရသော ပီအက်စ်ဂျီ အတွက် နေမာကလိဂ်ဂိုး ၁၅ ဂိုး သွင်းပြီး ပြိုင်ပွဲအရပ်ရပ် ၂၃ ဂိုး သွင်းယူခဲ့သည်။

ဘရာဇီးတိုက်စစ်မှူး နေမာ ကို ရီးရဲလ်က ခေါ်ယူရန် ကြံစည် နေသည်ဆိုသော သတင်းထွက် ပေါ်နေစဉ် အသင်းဟောင်း ဘာ စီလိုနာသို့ ပြန်လာမည်ဆိုသော ပြောဆိုမှုများလည်း ထွက်ပေါ်နေ သည်။

ပီအက်စ်ဂျီနည်းပြ တူချယ် က မိမိတို့အသင်း၏ ကြီးမားသော စီမံကိန်းသည် အစသာရှိ သေးပြီး မပြီးမြောက်သေးသဖြင့် မိမိ၏ ကစားသမားများကို အသင်း၌ ဆက်ရှိနေစေလိုသည်ဟု ပြော ကြားသည်။

No comments:

Post a Comment