Tuesday, May 28, 2019

မီးသတ်ရုံးရှေ့ ကားပိတ်ရပ်သည့်ကိစ္စ အပြန်အလှန်အမှုဖွင့်

ရွှေပြည်သာမီးသတ် စက်မှုဇုန် ၁ ရှေ့တွင် ကားရပ်သည့်ကိစ္စနှင့်ပတ်သက်၍ မီးသတ်ဝန်ထမ်းများနှင့် ကားပိုင်ရှင် ဆရာဝန်အမျိုးသမီးတို့ စကားများခဲ့ကြသည့်ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ရွှေပြည်သာမီးသတ်စခန်းမှ ၁၀ဦးကို ပုဒ်မ ၄ ခုနှင့် ဆရာဝန်အမျိုးသမီးမှ အမှုဖွင့်ထားပြီး ရွှေပြည်သာမီးသတ်တပ်ဖွဲ့မှ အဆိုပါအမျိုးသမီးအား အမှုဖွင့်ရန်ပြင်ဆင်နေကြောင်း ရွှေပြည်သာမြို့မ ရဲစခန်းမှသိရသည်။



"ဆရာဝန်အမျိုးသမီးကတော့ မီသတ်တပ်ဖွဲ့ဝင်တွေကို အမှုဖွင့်ထားတယ် ရွှေပြည်သာမီးသတ်ဘက်ကတော့ အမှုဖွင့်ဖို့အတွက်လုပ်ဆောင်နေတုန်းအခုထိ အမှုမဖွင့်သေးဘူး"ဟု ရွှေပြည်သာမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

ရွှေပြည်သာမီသတ်စခန်းမှ ဝန်ထမ်း ၁၀ဦးကို ပုဒ်မ ၃၅၄(ကိုယ်ထိလက်ရောက်ကျူးလွန်မှု)၊ ပုဒ်မ ၅၀၆(ခြိမ်ခြောက်မှု)၊ ပုဒ်မ ၁၁၄(ပြုမှုကျူးလွန်သည်ကိုကူညီမှု)၊ပုဒ်မ ၅၀၉ တို့ဖြင့်ရွှေပြည်သာမြို့မရဲစခန်းတွင် ဆရာဝန်အမျိုးသမီးမှ အမှုဖွင့်ထားသည်။ ယင်းပြသနာအား facebook မှ live ထုတ်လွှင့်ခဲ့ပြီး လူမှုကွန်ယက်တွင် လူပြောများသည့် ကိစ္စတစ်ခုဖြစ် ခဲ့သည်။

No comments:

Post a Comment