Tuesday, May 28, 2019

KG တန်းအတွက် သင်ထောက်ကူပစ္စည်းဦးစားပေးဖြည့်ဆည်းမည်

KG (သူငယ်တန်း)ကျောင်းသား၊ ကျောင်းသူများအ တွက် လိုအပ်သည့် သင်ထောက် ကူပစ္စည်းများကို ဦးစားပေးအနေ ဖြင့် ထောက်ပံ့ဖြည့်ဆည်းမည်ဖြစ် ကြောင်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောသည်။ေ မလ ၂၇ ရက်တွင် ကျင်းပသည့် အမျိုးသားလွှတ်တော်အစည်းဝေး၌ ဧရာဝတီတိုင်းမဲဆန္ဒ နယ် အမှတ်(၈) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဒေါ်အိအိပြုံး၏ ‘‘KG သင်ရိုးနှင့် ကိုက်ညီသော ဂီတဆိုင်ရာ အထောက်အကူပြု ပစ္စည်းများအပါအဝင် လိုအပ် သော သင်ထောက်ကူပစ္စည်းများ အား လာမည့်ဘဏ္ဍာရေးနှစ်တွင် လုံလောက်စွာ ထောက်ပံ့ပေးရန် နှင့် KG ဆရာ/ဆရာမများ သီးသန့် ထားရှိပေးရန် အစီအစဉ် ရှိ/မရှိ’’ မေးခွန်းကို ပြန်လည်ဖြေကြားရာ တွင် ၎င်းက ထိုသို့ ပြောခြင်း ဖြစ် သည်။



KG (သူငယ်တန်း) အတွက် လိုအပ်သည့် KG Kit ပုံးများတွင် ပါဝင်သော ပြန်လည် ဖြည့်ဆည်း ပေးရမည့် သင်ထောက်ကူပစ္စည်း များအတွက်လည်း ဦးစားပေး ဖြည့်ဆည်းပေးမည်ဟု ဒုတိယ၀န် ကြီး ဦးဝင်းမော်ထွန်းက ပြော သည်။

အခြေခံကျသည့် KG (သူငယ်တန်း) ကျောင်းသား၊ ကျောင်းသူများမှာ သင်ထောက်ကူပစ္စည်း များ ပြည့်ပြည့်စုံစုံဖြင့် သင်ကြား ခွင့်ရရန် လိုအပ်ကြောင်း၊ မဲဆန္ဒ နယ်သို့ ကွင်းဆင်းသည့်အခါတွင် ကလေးငယ်များမှာ သင်ထောက် ကူပစ္စည်း မပြည့်မစုံဖြင့် သင်ကြား နေရသည်ကို တွေ့ရကြောင်း ဒေါ်အိအိပြုံးက ပြောသည်။

ထို့အပြင် KG ဆရာ၊ ဆရာမ များ သီးသန့် ထားရှိပေးသင့် ကြောင်း၊ စာသင်ကျောင်းအများ စုတွင် ဆရာ၊ ဆရာမလုံလောက်မှု မရှိသည်ကို တွေ့ရကြောင်း ၎င်းက ထောက်ပြသည်။ မူလတန်းအဆင့် ကျောင်းပေါင်းနှစ်သောင်း ကျော်တွင် ဆရာတစ်ဦးသာရှိ သော ကျောင်း ၂,၀၀၀ ခန့်ရှိပြီး ဆရာနှစ်ဦးသာရှိသည့် ကျောင်းပေါင်း ၃,၀၀၀ ကျော်ရှိသည်ဟု ဆိုသည်။ ယင်းအပေါ် ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားရာတွင် KG (သူငယ်တန်း) အတွက် ဆရာ၊ ဆရာမများကို သီးသန့် ခန့်ထားပေးနိုင်ခြင်းမရှိသေးသော်လည်း မူလတန်းပြ ဆရာ၊ ဆရာမများအနက် KG တန်းများကို သင်ကြားနိုင်စေရန် သင်တန်းတက် ရောက်စေကြောင်း ဆိုသည်။

No comments:

Post a Comment