Tuesday, May 28, 2019

ပထမအင်းဝမြို့တည်နန်းတည် မင်းတရားကြီး သတိုးမင်းဖျား(၇၂၆-၇၂၉)၏ ကြေးသွန်းရုပ်တုကြီး အင်းဝမြို့ဟောင်းတွင် စိုက်ထူ

Image may contain: outdoorတံတားဦးမြို့နယ် အင်းဝမြို့ဟောင်းတွင် သီတဂူဆရာတော်ကြီး၏ ဦးဆောင်စီစဉ်မှုဖြင့် ပထမအင်းဝမြို့တည်နန်းတည် မင်းတရားကြီး သတိုးမင်းဖျား(၇၂၆-၇၂၉)၏ ကြေးသွန်းရုပ်တုကြီးကို မေ ၂၃ရက်က အင်းဝ မြို့ဟောင်းအတွင်း အရှေ့ဦးတည်တံခါးပေါက် မယ်နုအုတ်ကျောင်းသွားလမ်းထောင့်ရှိ ခုံပေါ်တွင်စိုက်ထူပြီးစီးကြောင်း သိရသည်။ သတိုးမင်းဖျားရုပ်တုမှာ အမြင့် ၁၃ပေခွဲရှိပြီး မြန်မာမှုဗိသုကာပညာရှင် ဦးဝင်းမောင်(တမ္ပဝတီ)က ပထမအင်းဝခေတ်ဟန်အတိုင်း ပုံစံထုတ်ကြီးကြပ်မှုဖြင့် မန္တလေးမြို့ တမ္ပ၀တီရပ် ပြည့်ဝကြေးသွန်းလုပ်ငန်းက အင်းဝခေတ် ဘုရင်မင်းမြတ်ဝတ်စားဆင်ယင်မှုအဆောင်အယောင်များနှင့်အညီ အချိုးအစားကျနစွာ တာဝန်ယူသွန်းလုပ်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment