Tuesday, May 28, 2019

အဂတိဆိုင်ရာ တပ်တွင်းအရေးယူမှု အရပ်ဘက်ကော်မရှင်ထက် ပိုမိုပြင်းထန်ကြောင်း တပ်မတော်ပြောကြား

တပ်မတော်အ တွင်း အဂတိလိုက်စားမှုဖြင့် အ ရေးယူမှုများသည် အရပ်ဘက်အဂတိတိုက်ဖျက်ရေးကော်မရှင် ထက် ပိုမိုပြင်းထန်ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသော်လည်း အပြစ်ပေးမှုဆိုင်ရာ အသေးစိတ်အချက်အလက်များ ကိုမူ မသိရပေ။ အရပ်ဘက် အဂတိတိုက် ဖျက်ရေးကော်မရှင်က တပ်မတော်နှင့်ပတ်သက်သည့် အမှုများ ကို တိုက်ရိုက်စစ်ဆေးခွင့်မရှိသည့် အခြေအနေအပေါ် 7 Day Daily က မေးမြန်းရာတွင် ‘‘ကျွန်တော်တို့ သတိပေးရုံထက် ရာထူးမှ ထုတ်ပစ်သည် လုပ်လိုက်ရုံနဲ့ မရဘူး။ နောက်ဆက်တွဲတွေပါ ပါတယ်’’ ဟု တပ်မတော်ပြောရေးဆိုခွင့်ရှိ သူလည်းဖြစ်သူ ဗိုလ်မှူးချုပ်ဇော် မင်းထွန်းက ပြန်လည်ဖြေကြား သည်။



နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ယမန်နေ့က ပြုလုပ်သည့် အစိုးရသက်တမ်း သုံးနှစ်ပြည့် ဆောင်ရွက်ချက်များ နှင့် စပ်လျဉ်းသည့် သတင်းစာရှင်း လင်းပွဲ၌ တပ်မတော်က ထိုသို့ ပြောကြားခဲ့သည်။

တပ်မတော်သည် မည်သည့် အဂတိလိုက်စားမှုကိုမျှ  လျစ်လျူရှုထားခြင်း မရှိဘဲ အရေးယူ ကြောင်း ဗိုလ်မှူးချုပ် ဇော်မင်း ထွန်းက ဆိုသည်။

ထိုသို့ အရေးယူရာတွင် ၎င်း၏ရာထူး (ဗိုလ်မှူးချုပ်) အဆင့် ထက်ပင် မြင့်သူများပါဝင်သည့် ဖြစ်စဉ်များရှိသည်ဆိုသော်လည်း အသေးစိတ်ကိုမူ ၎င်းက ထုတ် ဖော်မပြောပေ။

တပ်မတော်တွင် အဂတိလိုက်စားမှုနှင့် ပက်သက်၍ တပ် အဆင့်အဆင့် တိုင်ကြားခြင်းအ ပြင် လွှတ်တော်၊ သမ္မတရုံး၊ အဂတိတိုက်ဖျက်ရေးကော်မရှင်တို့ထံမှ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ထံ လိပ်မူကာ တိုင်စာလွှဲ ပြောင်းပေးပို့ခြင်းများရှိနေပြီး မည်သည့်ကိုမျှ လျစ်လျူမရှုဘဲ စစ် ဆေးနေကြောင်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့၍ တပ်မတော်လုပ်ထုံးလုပ်နည်းများ အတိုင်း သက်သေခံများ ယူစစ်ဆေးပြီး ပြစ်မှုထင်ရှားပါက အရေးယူကြောင်း ၎င်းက ရှင်းပြသော် လည်း မည်သူတို့ဖြစ်သည်၊ မည်သို့ ပြစ်ဒဏ်ကျခံခဲ့ရသည် စသည်တို့ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက တပ်မတော်အ တွင်း အဂတိလိုက်စားမှုကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မ ရှင်ဥပဒေအရ စစ်ဆေးခွင့်မရှိ သည်မှာ မှန်ကန်သော်လည်း ပွင့် လင်းမြင်သာမှုရှိသည့်  အရေးယူမှုများဖြစ်ရန် လိုအပ်ကြောင်း ထောက်ပြသည်။ ‘‘တပ်အတွင်းမှာ စစ်တယ်ဆိုတာ ကျွန်တော်တို့ အပြင်တရားရုံးမှာ စစ်သလို ပြည့်ပြည့်စုံစုံစစ် ရင်တော့ တစ်မျိုးပေါ့’’ ဟု  ၎င်းက မှတ်ချက်ပြုသည်။

No comments:

Post a Comment