Tuesday, May 28, 2019

ဘိလပ်မြေစက်ရုံစီမံကိန်း အဆောက်အအုံ မီးရှို့မှုဖြင့် ရွာခံလေးဦးကို ဖမ်းဆီး ဖမ်းဆီးခံရသည့် န၀မတန်းကျောင်းသား ကျူးလွန်ရာတွင် ပါဝင်ဟု ရဲတပ်ဖွဲ့ဆို

မန္တလေးခရိုင်ပုသိမ် ကြီးမြို့နယ် အောင်သပြေကျေး ရွာအနီး တည်ဆောက်နေသော ဘိလပ်မြေစက်ရုံ စီမံကိန်း   အဆောက်အအုံအချို့ကို မေလ  ၁၅ ရက်က မီးရှို့ဖျက်ဆီးမှုနှင့် ပတ်သက်၍ အောင်သပြေကျေး ရွာဒေသခံလေးဦးကို ဖမ်းဆီး ထားကြောင်း မြန်မာနိုင်ငံရဲတပ် ဖွဲ့က မေလ ၂၆ ရက်တွင်ထုတ် ပြန်သည်။ေ မလ ၂၄ ရက်က ဖမ်းဆီး မှုတွင် ပါဝင်သည့် န၀မတန်း ကျောင်းသားသည် အဆောက်အ အုံကို မီးရှို့ဖျက်ဆီးရာ၌ ပါဝင်ပြီး  ဥပဒေနှင့်အညီ အရေးယူမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။



သို့သော် ယင်းကျောင်းသား ၏ ဖခင်ဦးရွှေအုန်းက ‘‘ကျောင်း တော့မအပ်ရသေးဘူး။  ကျောင်း ဖွင့်တော့မှာမို့ လိုအပ်တဲ့ပစ္စည်း တွေသွားဝယ်ပြီး ပြန်လာတော့ ဖမ်းခံရတာ။ ဖမ်းတဲ့နေ့က ရှေ့နေကနေတစ်ဆင့် ဖုန်းအ ဆက်အသွယ်ရတယ်။ အဖေကို  ဖမ်းချင်လို့သားကိုလုပ်ကြံပြီးဖမ်း တာ၊အဖေမလာပါနဲ့ဆိုပြီး သားက ပြောတယ်။ ကျွန်တော့်သားက မ ပါဝင်ပါဘူး’’ ဟု ပြောသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ် သက်၍ ဒေသခံအချို့ကို ပုဒ်မ ၄၃၆ (မီးဖြင့် ပေါက်ကွဲစေသော အရာဖြင့် အကျိုးဖျက်ဆီးမှု ၄၄၀ (နာကျင်စေရန် ပြင်ဆင်ပြီးနောက် ကျူးလွန်သည့် အကျိုးဖျက်ဆီးမှု၊ ၃၃၆ (အသက်လုံခြုံရေးကိုဘေး ဖြစ်စေမှု)၊ ၁၁၄ (ပြစ်မှုကျူးလွန်ရန် အားပေးကူညီခြင်း) တို့ဖြင့် အမှုဖွင့်ထားပြီး ပါဝင်သူများကို ဥပဒေနှင့် အညီအရေးယူမည်ဟု ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။

မေလ ၁၅ ရက်တွင် အောင်သပြေကျေးရွာ ဒေသခံ ၁၀၀ ကျော်က ကျေးရွာထိပ်၌ စက်ရုံဝင်၊ ထွက်ကားများကိုတားဆီးပိတ်ဆို့ကာ ဖမ်းဆီးတရားစွဲဆိုခံထားရသော ဒေသခံများကို ပြန်လွှတ်ပေးရန် တောင်းဆိုရာ၌ သက်ဆိုင်ရာရဲတပ်ဖွဲ့ကရော်ဘာကျည်ဖြင့် ပစ်ခတ်ဖြိုခွင်းခဲ့သည်။

 ထိုသို့ ဖြိုခွင်းမှုအပြီး ဒေ သခံအချို့က စက်ရုံမှ ကားများ ကိုမီးရှို့ပြီး အဆောက်အအုံအချို့ ကို လေးခွဖြင့်ပစ်ခတ်ဖျက်ဆီးမှု  များကြောင့် ကျပ်သိန်း ၆၀၀ ကျော်ဆုံးရှုံးခဲ့ကြောင်း ရဲတပ်ဖွဲ့ က  ထုတ်ပြန်သည်။ ထို့အပြင် စက်ရုံဝင် ထွက်ကားများကို ပိတ်ဆို့တားဆီး  မှုနှင့် ပတ်သက်၍ မေလ ၁၅ ရက်က ဒေသခံနှစ်ဦးကိုဖမ်းဆီး ထားပြီး ရှစ်ဦးကို ငြိမ်းစုစီပုဒ်မ ဖြင့် အရေးယူထားသည်။

No comments:

Post a Comment