Tuesday, May 28, 2019

မြောက်ဦး လေးမျက်နှာပုထိုးရှိ ရှေးဟောင်း ဆင်းတုတော်များ ဖျက်ဆီးခံရမှု အရေးမယူပါက ထပ်မံဖြစ်ပွားနိုင်ဟု လွှတ်တော်ကိုယ်စားလှယ်ပြောကြား

 မြောက်ဦးမြို့ရှိ ရှေးဟောင်း ဘုရားတစ်ဆူဖြစ်သော မြို့တည်နန်းတည် လေးမျက်နှာ ဘုရားပုထိုးတော်ကြီးအတွင်းရှိ ကျောက်ဆင်းတုတော်များ ဖျက် ဆီးခံရခြင်းသည် သွေးရိုးသားရိုး မဟုတ်သဖြင့် အမြန်ဆုံးဖော် ထုတ် အရေးယူသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်က တိုက်တွန်းသည်။ေ မလ ၂၇ ရက်တွင် ကျင်းပ သော အမျိုးသားလွှတ်တော်အ စည်းအဝေး၌ ရခိုင်ပြည်နယ်မဲဆန္ဒ နယ်အမှတ် (၄) အမျိုးသားလွှတ် တော်ကိုယ်စားလှယ် ဦးကျော် ကျော်က ဘုရားဆင်းတုတော်များ ဖျက်ဆီးခံရသည့်ကိစ္စနှင့် ပတ် သက်၍ မေးခွန်းမေးမြန်းတိုက် တွန်းခဲ့သည်။

မြောက်ဦးမြို့ရှိ ရှေးဟောင်း အမွေအနှစ်ဘုရားပုထိုးများကိုယူ နက်စကိုဝင်ရန် ကြိုးပမ်းနေချိန် တွင် ယခုကဲ့သို့ ရှေးဟောင်းဘုရား ဆင်းတုတော်များ ဖျက်ဆီးခံရ ခြင်းသည် သွေးရိုးသားရိုးမဟုတ် နိုင်ဘဲ နောက်ကွယ်၌ အကြောင်း တစ်စုံတစ်ရာရှိနိုင်ကြောင်း ဦး ကျော်ကျော်က ပြောသည်။

‘‘မြို့တည်နန်းတည်ဘုရား ဖျက်ဆီးခံရတာဟာ သွေးရိုးသား ရိုး မဖြစ်နိုင်ဘူး။ နောက်ကွယ်က တစ်စုံတစ်ရာအကြောင်းရှိမယ်။ ပေါ့ပေါ့တန်တန် သဘောမထား ဘဲ စုံစမ်းဖော်ထုတ်အရေးယူနိုင် ဖို့လိုပါတယ်’’ ဟု ဦးကျော်ကျော် က လွှတ်တော်တွင် ပြောသည်။

အဆိုပါ ဘုရားဆင်းတုများသည် ၂၀၁၈ အောက်တိုဘာက ဖျက်ဆီးခံရခြင်းဖြစ်သည်။ လေးမျက်နှာဘုရားပုထိုးအတွင်းရှိ ရှေးဟောင်း ကျောက်ဆင်းတုဘုရား ၁၁ ဆူ ဖျက်ဆီးခံရပြီး နှစ်ဆူရုပ်ပျက်ဆင်းပျက်ဖြစ်ခဲ့ကြောင်း ၎င်းကဆိုသည်။

ထိုကဲ့သို့ ဖျက်ဆီးခံရသည့် ကိစ္စနှင့်ပတ်သက်၍ ထိထိရောက် ရောက် စုံစမ်းဖော်ထုတ်ကာ အ ရေးယူခြင်းမရှိပါက မြောက်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေ အတွင်းရှိ နောက်ထပ်ရှေးဟောင်း အမွေအနှစ်များ ဆက်လက်အ ဖျက်ဆီးခံရနိုင်ကြောင်း ဦးကျော် ကျော်က ပြောသည်။ ‘‘အဲဒီလို အရေးမယူရင် နောင်ဒီထက်ဆိုးတာတွေ ဖြစ်လာ နိုင်တယ်’’ ဟု ၎င်းကဆိုသည်။

ဖျက်ဆီးခံရသည့် လေး မျက်နှာဘုရားကို ဘုရင်မင်းစော မွန်က အေဒီ ၁၄၃၀ တွင် ပထမ မြောက်ဦးခေတ် ထီးနန်းတည် ထောင်စဉ် တည်ထားခဲ့သဖြင့် မြို့ တည်နန်းတည်ဘုရားဟု ခေါ် ဆိုခြင်းဖြစ်သည်။

ယင်းမေးခွန်းနှင့်ပတ်သက် ၍ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦး ကြည်မင်းက ဖြေကြားရာအဆိုပါ ဘုရားဆင်းတု ဖျက်ဆီးခံရမှုနှင့် ပတ်သက်၍ အမှုဖွင့်ဆောင်ရွက် ကာ ကျူးလွန်သူများကို ဖမ်းဆီး ရမိရေး ဆောင်ရွက်နေကြောင်း ပြောသည်။

ထို့အပြင် မြောက်ဦးမြို့နယ် အတွင်း ယဉ်ကျေးမှုအမွေအနှစ် များ ပိုမိုကာကွယ်ထိန်းသိမ်းနိုင် ရေး နေ့စား၊ ပုတ်ပြတ်အမျိုးသား ဝန်ထမ်း ရှစ်ဦးဖြင့် ၂၀၁၉ ဇန်န ဝါရီကစ၍ နေ့၊ ညလုံခြုံရေးတာ ဝန်များ ထပ်တိုးချထားကာဆောင် ရွက်နေကြောင်း ၎င်းကဖြေကြား သည်။ ပြီးခဲ့သည့် မတ်လကမြောက် ဦးမြို့ ရှေးဟောင်းယဉ်ကျေးမှုနယ် မြေအတွင်း လက်နက်ကျည်ကျ ရောက်မှုကြောင့် စေတီပုထိုးအ ချို့ ထိခိုက်ပျက်စီးခဲ့သည်။

No comments:

Post a Comment