Tuesday, May 28, 2019

တောင်ငူခရိုင်ဥပဒေအရာရှိနှင့် စခန်းမှူးတစ်ဦးကို အဂတိလိုက်စားမှုဖြင့် အမှုဖွင့်

တောင်ငူခရိုင် ဥပဒေ အရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေစခန်းမှူး ရဲအုပ် နေ လင်းအောင်တို့သည် တရားခံနှစ် ဦးကို အချုပ်မှ လွှတ်ပေးမည်ဟု ဆိုကာ ငွေတောင်းခံသဖြင့် အဂ တိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် အမှုဖွင့် အရေးယူထား ကြောင်း အဂတိလိုက်စားမှု တိုက် ဖျက်ရေးကော်မရှင်က မေလ ၂၇ ရက်တွင် ထုတ်ပြန်သည်။ တောင်ငူခရိုင်ဥပဒေအရာရှိ နှင့် ဆွာနယ်မြေစခန်းမှူးတို့သည် တရားခံနှစ်ဦးကို အချုပ်ထဲထည့် ကာ ကျပ်သိန်း ၃၀ ပေးလျှင် လွှတ် ပေးမည်ဟု ပြောဆို၍ ငွေပေးခဲ့ရခြင်းကို အရေးယူပေးပါရန်ကော်မရှင်သို့ တိုင်ကြားခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော် ပြထားသည်။



ပဲခူးတိုင်းဒေသကြီး ဆွာမြို့  အေးသာယာကျေးရွာနေ မောင်ရဲ ထက်ပိုင်နှင့် မတိုးတိုးဝေတို့ ချစ် ကြိုက်၍ ခိုးရာလိုက်ရာတွင် ရပ် ရွာဓလေ့အရ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ခြင်းအပေါ် မတိုးတိုးဝေ ၏ဖခင်က မကျေနပ်၍ ဆွာမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားရာ မောင်ရဲထက်ပိုင်နှင့် ၎င်း၏အဘိုး အပါအဝင် သုံးဦးကို ပုဒ်မသုံးခု ဖြင့် အမှုဖွင့်အရေးယူခဲ့သည်။  ဥပဒေအရာရှိ ဦးမောင် မောင်အေးက တရားခံတစ်ဦး လျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့် သုံးဦး အတွက် ကျပ်သိန်း ၃၀ ပေးရန် ပြောကြားခဲ့သဖြင့် ရှေ့နေမှတစ် ဆင့် ကျပ်သိန်း ၃၀ ကို တောင်းခံ ရယူပြီး တရားခံသုံးဦးအား ရာဇ ဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၁၆၉ နှင့် အညီ လွှတ်ရန်နှင့် မောင်ရဲထက် ပိုင် တစ်ဦးတည်းကိုသာ တရားစွဲ ဆိုရန် ဥပဒေထင်မြင်ချက်ပေးခဲ့ ကြောင်း ထုတ်ပြန်ချက်က ဆို သည်။ ထို့အပြင် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်က  ရဲစခန်းပိုင်းအနေဖြင့် အဆင်ပြေ အောင် ဆောင်ရွက်ပေးမည်ဟု ပြောဆိုကာ တရားခံ၏သမီးက ပေးအပ်သည့် ကျပ်သုံးသိန်းကို အထက်တန်းရှေ့နေမှ တစ်ဆင့်  တောင်းခံရယူခဲ့ကြောင်း ကော်မ ရှင်က ထုတ်ပြန်သည်။

ထို့နောက် အထက်တန်းရှေ့ နေက စီစဉ်ပေးသည့် မိုးကောင်း ကင် ဘီယာဆိုင်နှင့် ကေတီဗီများ သို့ သွားရောက်၍ ဧည့်ခံပြုစုသည့် ဝန်ဆောင်မှုများကိုလည်း ရယူခဲ့ ကြောင်း ပါရှိသည်။ ထို့ကြောင့် ဥပဒေအရာရှိ ဦးမောင်မောင်အေးနှင့် ရဲအုပ်နေ လင်းအောင်တို့ကို အဂတိလိုက် စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ တောင်ငူမြို့မရဲစခန်းနှင့် ရေတာရှည်မြို့မရဲစခန်းတို့၌ မေ လ ၂၇ ရက်တွင် အမှုဖွင့် အရေး ယူထားကြောင်း ကော်မရှင်က ဆို သည်။

No comments:

Post a Comment