Tuesday, May 28, 2019

ဂျပန်၌ လူအများအပြားကို ဓားဖြင့် လိုက်ထိုးသည့် တိုက်ခိုက်မှုကြောင့် မိန်းကလေးတစ်ဦး သေဆုံးကာ အနည်းဆုံး မူလတန်းကျောင်းသား ၁၅ ဦး ဒဏ်ရာရ

မေ၂၈ ရက်တွင် ဂျပန်နိုင်ငံ ကာဝါဆာကီမြို့ ရှိ ပန်းခြံတစ်ခု၌ လူအများအပြားကို ဓားဖြင့်လိုက်ထိုးသည့် တိုက်ခိုက်မှုကြောင့် မိန်းကလေး တစ်ဦးသေဆုံးသွားခဲ့ပြီး ကလေး ၁၅ ဦး ဒဏ်ရာရသွားခဲ့သည်ဟု အာဏာ ပိုင်များက ပြောကြားခဲ့သည်။ ယင်းဖြစ်ရပ်အတွက် အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း နောက်      ပိုင်းတွင် ၄င်းဘာသာ ရရှိထားသောဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု ဂျပန်ရုပ်သံ အလွှင့်ဌာန NHK ကဖော်ပြခဲ့သည်။ အသက် ၄၀ သို့ မဟုတ် ၅၀ ရှိသည်ဟု ယုံကြည်ရသော သံသယရှိ အမျိုးသားသည် လည်ပင်း ကို ၄င်းကိုယ်တိုင် ဓားဖြင့်ပြန်ထိုးခဲ့သည်ဟု ရဲ များက NHK ကိုပြောခဲ့သည်ဟု ဆိုသည်။ 

တိုက်ခိုက်မှုတွင် စုစုပေါင်း မူလတန်း ကျောင်း သား ၁၆ဦး နှင့် လူကြီးသုံးဦးဒဏ်ရာရခဲ့သည်ဟု ကာဝါဆာကီ မီးသတ်ဌာနက ပြောကြားခဲ့သည်။ မူလတန်းကျောင်းသား တစ်ဦး အပါအဝင် လူသုံးဦးသည် စိုးရိမ်ရသော အခြေအနေရှိသည်ဟု အစောပိုင်း တွင် NHK က ဖော်ပြခဲ့သည်။ သေဆုံးသွားသော  မိန်းကလေးမှာစိုးရိမ်ရသူများထဲ က ဟုတ် မဟုတ် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

No comments:

Post a Comment