Tuesday, May 28, 2019

ရခိုင်စစ်ဘေးရှောင် စခန်းများရှိ ကျောင်းသားများကို နီးစပ်ရာ ကျောင်းများတွင် လက်ခံမည်

ရခိုင်ပြည်နယ် စစ် ဘေးရှောင်စခန်းများရှိ ကျောင်း သား ၄,၅၀၀ ကျော်ကို စခန်းနှင့် နီးစပ်ရာ ကျောင်းများတွင် ပညာ သင်ကြားနိုင်ရန် စီစဉ်ပေးမည်ဖြစ် ကြောင်း ရခိုင်ပြည်နယ် ပညာရေး မှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးစိန်ထွန်းလှက ပြောသည်။ ယခုအခါ စာရင်းရှိကျောင်း သား ၄,၅၀၀ ကျော်သည် စစ်ဘေးရှောင်စခန်း ၇၀ ၌ရှိပြီး နောက်ထပ် စာရင်းကောက်ယူရန် စစ်ဘေးရှောင်စခန်း ၃၅ ခု ကျန်နေသေးကြောင်း ၎င်းကဆိုသည်။



‘‘စစ်ဘေးရှောင်စခန်း ၁၀၅ ခုရှိတာမှာ ဆက်သွယ်ရတာက တော့ ၇၀ နီးပါးလောက်ပဲ ရပါ သေးတယ်။ တချို့ကတော့ ဆက် သွယ်ရေးလိုင်းမကောင်းလို့ ဆက် သွယ်မရသေးဘူး’’ ဟု ဦးစိန်ထွန်း လှက ပြောသည်။  ရခိုင်ပြည်နယ် စစ်ဘေး ရှောင်စခန်းများရှိ ကျောင်းသား များသည် ကျောင်းထွက်လက် မှတ်များမလိုဘဲ နီးစပ်ရာကျောင်း များတွင် ပညာသင်ကြားနိုင်ပြီးလို အပ်သော ကျောင်းသုံးပစ္စည်းများ ထောက်ပံ့မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မေလ ၂၅ ရက်ကစတင်ကာ အခြေခံပညာကျောင်းများ၌ ကျောင်းအပ် လက်ခံနေပြီဖြစ် သည်။

No comments:

Post a Comment