Tuesday, May 28, 2019

အစိုဓာတ်များပြီး သတ်မှတ်စံနှုန်းမပြည့်မီသော စပါးများကို ကားလမ်းမပေါ်အရောက်ပို့ပေးပါက စပါးတင်းတစ်ရာလျှင်​ ကျပ်လေးသိန်း​လေးသောင်းဈေးဖြင့်​ ဝယ်ယူပေးမည်ဟု မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်​ ဒုတိယဥက္ကဋ္ဌဌ​ ပြောကြား

အစိုဓာတ်များပြီး သတ်မှတ်စံနှုန်းမပြည့်မီသောစပါးများကို ကားလမ်းမပေါ် အရောက်​ပို့ပေးပါက စပါးတင်းတစ်ရာလျှင်​ ကျပ်လေးသိန်းလေးသောင်းဈေးဖြင့်​ ဝယ်ယူပေးမည်ဖြစ်ကြောင်း ​မေ၂၇ ရက်က ကုန် သည်စက်မှုအသင်းချုပ်​ (UMFCCI) တွင်​ ပြုလုပ်သည့်​ သတင်းစာရှင်းလင်းပွဲအခမ်းအနားတွင်​မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်​ ဒုတိယဥက္ကဋ္ဌဌ ဦးအောင်သန်းဦးက ပြောကြားသည်။ “စပါးဝယ်သူမရှိဘူး။ တောင်သူတွေက​ ရောင်းချင်တယ်ဆိုရင် လေးသိန်းလေးသောင်းဈေးနဲ့ ကားလမ်းလေးကိုပို့ပေး။ ကျွန်တော်တို့ဝယ်ပေးမယ်​”ဟု မြန်မာနိုင်ငံဆန်​စပါးအသင်းချုပ်​ဥက္ကဋ္ဌဌဦးအောင်သန်းဦးက ​ပြောကြားသည်။



နိုင်ငံတော်အစိုးရ သက်ဆိုင်ရာဝန်ကြီး ဌာန မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းကာ တွက်ချက်ပြီး တင်းတစ်ရာလျှင်​ အလေးချိန်​ ၄၆​ ပေါင်နှင့်​ အစိုဓာတ်​ ၁၄ ရာခိုင်နှုန်းသာပါရှိသော စပါးတင်းတစ်ရာကို အခြေခံဈေးနှုန်း ကျပ်​ငါးသိန်း သတ်မှတ်ထားသည်။ သို့သော်​လက်ရှိတွင် ခြွရေိတ်စက်များ ဖြင့်​ရိတ်သိမ်းကာ တိုက်ရိုက်ရောင်းချနေသဖြင့် စပါးများသည် အစိုဓာတ်​ ၂၄ ရာခိုင်နှုန်းအထိပါဝင်နေသည်ဟု သိရသည်။ ထို့ကြောင့်​ သတ်မှတ်ထားသော အခြေခံဈေးနှုန်းထက် လျော့ကျနေခြင်း ဖြစ်သည်။

လက်​ရှိအစိုဓာတ်​၂၄ ရာခိုင်​နှုန်းပါဝင်​​သောစပါးများကို အခြောက်ခံမည်ဆိုပါက ကုန်ကျစရိတ်​ ကျပ်​ငါးသောင်းအထိ ကုန်ကျမည့်အပြင်​ အခြောက်ခံပြီးပါက စပါး ၁၄ တင်းခန့် လျော့ကျကြောင်း ဦးအောင်သန်းဦးက​ ပြောကြားသည်။

ထို့ပြင်အစိုဓာတ်ပါသော စပါးများကို အခြောက်ခံမည်ဆိုပါက စပါးတင်း ၄၀ဝ​ကျော်အထိ အခြောက်ခံနိုင်သည့် စပါးပေါင်းခံစက်ဖြင့် အခြောက်ခံမည်ဆိုပါက အချိန်​ရှစ်နာရီကြာမြင့်ကြောင်း၊ လက်ရှိတွင်​ လျှပ်စစ်မီးမမှန်ခြင်းကလည်း ဆန်စက်များအတွက်​ အခက်​အခဲဖြစ်နေကြောင်း သိရသည်။ “အခြောက်ခံစက်ဆိုတာ ဒီအတိုင်း မရဘူး။ လျှပ်စစ်မီးရှိဖို့လိုတယ်။ လျှပ်စစ်မီးဆိုတာကလည်း စပါးတခါအခြောက်ခံရင် ရှစ်နာရီကြာတယ်။ မီးပုံမှန်လာမှ။ မီးပျက်ရင်​ မီးစက်နဲ့လုပ်ရတယ်​”ဟု ゞင်းကဆက် လက်ပြောကြားသည်။

လက်ရှိတွင် ဈေးနှုန်းကျဆင်းနေသော စပါးအမျိုးအစားမှာ ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဆန်ကြမ်းအမျိုးအစားများဖြစ်ပြီး ပြည်တွင်းစားသုံးသည့်​ဆန်အမျိုးအစားမှာ အခြေခံဈေးနှုန်းအထက်တွင်သာရှိကြောင်း ဦးအောင်သန်းဦးက ဆိုသည်။

ပြည်ပဈေးကွက်သို့ တင်ပို့နေသည့် ဆန်စပါးအမျိုးအစားများဈေးနှုန်း ကျဆင်းနေခြင်းမှာ အဓိကဝယ်လက်ဖြစ်သည့် တရုတ်ဈေးကွက်မှ ဝယ်ယူမှုရာခိုင်နှုန်း ၈၀ ခန့်အထိ လျော့ကျခဲ့ခြင်းဖြစ်ကြောင်းနှင့် အဆိုပါဈေးကွက်သို့ တင်ပို့ရန် စိုက်ပျိုးခဲ့သည့် ဆန်​အမျိုးအစားများသာ ဈေးနှုန်းကျဆင်းနေခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment