Tuesday, May 28, 2019

ကျပ်သိန်း ၃၀ ပေးပါက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဟုဆိုသည့် တောင်ငူခရိုင်ဥပဒေအရာရှိနှင့် ဆွာနယ်မြေ ရဲစခန်းမှူးတို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်

ကျပ်သိန်း ၃၀ ပေးပါက ဖမ်းဆီးထားသူများကို ပြန်လွှတ်ပေးမည်ဟုဆိုသည့် တောင်ငူခရိုင်ဥပဒေအရာရှိနှင့် ဆွာနယ်မြေရဲစခန်းမှူးတို့အား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်ထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က သတင်းထုတ်ပြန်သည်။ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ဆွာမြို့ဆွာမင်းလမ်းကျေးရွာအုပ်စု အေးသာယာရွာနေ မောင်ပိုင် (ခ) ရဲထက်ပိုင်နှင့် မတိုးတိုးဝေတို့ ချစ်ကြိုက်ကြပြီး ခိုးရာလိုက်ခဲ့ရာ ရပ်ရွာဓလေ့အရ လက်ထပ်စာချုပ် ချုပ်ဆိုခဲ့ခြင်းအား မတိုးတိုးဝေ၏ ဖခင်က မကျေနပ်၍ ဆွာမြို့ရဲစခန်းသို့ အမှုဖွင့်တိုင်ကြားခဲ့ရာတွင် မောင်ပိုင် (ခ) ရဲထက်ပိုင်၏ အဘိုးအပါအဝင် သုံးဦးအား ဖမ်းဆီးခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။



ゞင်းတို့အား ပြန်လည်လွတ်မြောက်စေလိုပါက ကျပ် သိန်း ၃၀ ပေးရမည်ဟု ဥပဒေ အရာရှိက ပြောဆိုခဲ့ခြင်းကြောင့် ပေးခဲ့ရပြီး ယင်းဖြစ်စဉ်အား အရေးယူပေးပါရန် ကော်မရှင်သို့ တိုင်ကြားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ တိုင်ကြားစာအရ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ ပဲခူးတိုင်းဒေသကြီး ဆွာနယ်မြေရဲစခန်းတွင် ၂၀၁၈ ခုနှစ် မတ် ၂၅ ရက်၌ မောင်ပိုင်(ခ)ရဲ ထက်ပိုင်နှင့် ゞင်းင်း၏အဘိုးအပါအဝင် သုံးဦးတို့အား (ပ)အမှတ် ၄၃/၂၀၁၈ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၃၆၃၁၁၄ ဖြင့် ဖွင့်လှစ်ခဲ့သော အမှုနှင့် ပတ်သက်၍ တောင်ငူခရိုင်ဥပဒေအရာရှိ မောင်မောင်အေးသည် တရားခံတစ်ဦးလျှင် ကျပ် ၁၀ သိန်းနှုန်းဖြင့်သုံးဦးအတွက် ကျပ်သိန်း ၃၀ ပေးရန် ရှေ့နေမှတစ်ဆင့် တောင်း ခံရယူခဲ့ကြောင်း၊ တရားခံများအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၉ နှင့် အညီလွှတ်ရန် နှင့် မောင်ပိုင်(ခ) ရဲထက်ပိုင် တစ်ဦးတည်းကိုသာ တရားစွဲဆိုရန် ဥပဒေ ထင်မြင်ချက်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယင်းအမှုတွင် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်သည် ရဲစခန်းပိုင်းအနေဖြင့် အဆင်ပြေအောင် ဆောင်ရွက်ပေးမည်ဟုပြောဆိုကာ တရားခံ၏ သမီးက ပေးအပ်သည့် ကျပ်သုံးသိန်းကို အထက်တန်းရှေ့နေမှတစ်ဆင့် တောင်းခံရယူခဲ့ကြောင်း၊ အထက်တန်းရှေ့နေက စီစဉ်ပေးသည့် မိုးကောင်းကင်ဘီယာဆိုင်၊ ရွှေပြည်သူ KTV,ROYAL ROSE KTV,အမေ့သား KTV,EVERY JOY KTV များသို့ သွားရောက်၍ ဧည့်ခံပြုစုသည့် ဝန်ဆောင်မှုများနှင့် တံစိုးလက်ဆောင်များကို ရယူခဲ့ကြောင်း ကော်မရှင်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းသို့ပြုလုပ်ခြင်းမှာ ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အဂတိလိုက်စားမှု ကျူးလွန်ခဲ့ကြခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်သဖြင့် တောင်ငူခရိုင် ဥပဒေအရာရှိ ဦးမောင်မောင်အေးနှင့် ဆွာနယ်မြေ ရဲစခန်းမှူး ရဲအုပ်နေလင်းအောင်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့မရဲစခန်းနှင့် ရေတာရှည်မြို့မရဲစခန်းတို့တွင် မေ ၂၇ ရက်က တိုင်ကြားချက်ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ကော်မရှင်က ထုတ်ပြန်သည်။

No comments:

Post a Comment