Tuesday, May 28, 2019

ဧရာဝတီမြစ်​ကမ်းပြိုကျသဖြင့် ရေစကြိုမြို့နယ်​က ​ကျေးရွာတချို့စတင်ပြောင်း​ရွှေ့

Image may contain: sky, outdoor, nature and waterဧရာဝတီမြစ်​ကမ်းပြိုတာ​ကြောင့် ပခုက္ကူခရိုင်​၊ ရေစကြိုမြို့နယ်​က ​ကျေးရွာတချို့ ​စတင်ပြောင်း​ရွှေ့ ​​နေကြရပါတယ်​။ ဧရာဝတီမြစ်​​ရေစီးက ဝဲပြန်​ထိုးပြီးကမ်းပြို​နေတာ​ကြောင့် ​ကွေး​ဒေါင့်​​ကျေးရွာမှာ စတင်​​ပြောင်း​ရွှေ့​နေကြတာဖြစ်ပြီး လော​လောဆယ်​ လူ​နေအိမ် ​တ​လုံးနဲ့ ဘုန်း​တော်​ကြီး​ကျောင်း ကို စတင်​​ရွှေ့​ပြောင်း​နေကြတာပါ။ အခုလိုသာကမ်းပါး ဆက်​ပြို​နေမယ်​ဆိုရင်​ ​ရေဦး​ပေါက်​ကာလမှာ အိမ်​​ခြေ ၄၀ ​ကျော်​ ၅၀ ​လောက်​​ရွှေ့​ပြောင်းရမှာပါ။ ​ကျေးရွာတာဝန်​ခံနဲ့ ရပ်​မိရပ်​ဖ​တွေက ​ကျေးရွာ​မြေ​နေရာအတွက်​ ရှာ​ဖွေဝယ်​ယူ​နေပြီး ​​အိမ်​​ထောင်​စုတစ်​ဝက်​​လောက်​က ​ငွေ​ကြေး အခက်အခဲနဲ့ ကြုံတွေ့နေရပါတယ်။ အဆိုပါရွာမှာ ပြီးခဲ့တဲ့နှစ်​ကလည်း ကမ်းပါးပြိုလို့ အိမ်​​ခြေ ၅၀ ​ကျော်​​ ပြောင်း​ရွှေ့ ခဲ့ကြရပါတယ်​။

No comments:

Post a Comment