Tuesday, May 28, 2019

အခြေခံဈေးဖြင့် တောင်သူများ၏ စပါး အစိုးရ၀ယ်ယူပေးရန် ဆန်စပါးအသင်း တောင်းဆို

စပါးဈေး ကျဆင်းမှု ကြောင့် တောင်သူများနစ်နာမှုမရှိ စေရေး အစိုးရက အခြေခံဈေးနှုန်းဖြင့် ၀ယ်ယူပေးရန် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ဒုတိယဥက္ကဋ္ဌ ဦးအောင်သန်းဦးက တောင်းဆိုသည်။ မြန်မာနိုင်ငံ၏ အခြေခံရည် ညွှန်းစပါးဈေးနှုန်းသည် တင်း ၁၀၀ လျှင် ကျပ်ငါးသိန်းသတ်မှတ် ထားသည်။ အခြေခံစပါးဈေးနှုန်း ကို ၂၀၁၈ အတွင်း အစိုးရကသတ် မှတ်ထားခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။



စပါးဈေး ကျဆင်းမှုကြောင့် ပဲခူးတိုင်းအနောက်ခြမ်း ဇီးကုန်း မြို့နယ်မှ လယ်သမားအချို့ ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်ပြီး သုံးရက် အကြာ ယမန်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ဦးအောင်သန်းဦးကပြောသည်။

လက်ရှိ လယ်ယာစိုက်ပျိုး ရေးကဏ္ဍတွင် လုပ်သားအင်အား ရှားပါးမှုကြောင့် ထွန်စက်များ၊ ရိတ်သိမ်းခြွေလှေ့စက်များ ၀ယ် ယူရင်းနှီးမြှပ်နှံခြင်း၊ ငှားရမ်းခြင်း တို့ဖြင့် စိုက်ပျိုးလုပ်ကိုင်နေကြရ သည်။ ထို့ကြောင့် တောင်သူများ ၏ ငွေကြေးရင်းနှီးမြှုပ်နှံမှုများပြားပြီး သီးနှံပေါ်ချိန်တွင် ငွေလိုအပ် သဖြင့် ရောင်းချလိုမှုများကြောင်း  ဦးအောင်သန်းဦးက ရှင်းပြသည်။

‘‘တစ်နှစ်ထက်တစ်နှစ် ကုန် ဈေးနှုန်းကကြီးတော့ ကုန်ကျစ ရိတ်ကများတယ်။ ဒီနှစ်စပါးဈေး က လယ်သမားများအတွက် အ တော်ထိတယ်’’ဟု အုတ်တွင်းမြို့ နယ်ရှိ လယ်သမားဦးဝင်းကပြော သည်။

ပဲခူးတိုင်း အရှေ့ခြမ်းတွင် လည်း စပါးတင်း ၁၀၀ လျှင် ကျပ်လေးသိန်းလေးသောင်း ဈေးဖြင့် စပါးတင်း တစ်သိန်းလေး သောင်းခန့်ကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ၀ယ်ယူခဲ့သည်။

လက်ရှိ မြန်မာနိုင်ငံ၏ စပါး ဈေးနှုန်းကျဆင်းရမှုသည် တရုတ် ဈေးကွက်မှ ဆန်ဝယ်ယူတင်သွင်းမှု ရပ်ဆိုင်းခဲ့ခြင်းကြောင့်ဖြစ် ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် တာဝန်ရှိသူများက ပြောသည်။ တရုတ်ဈေးကွက် ပိတ်ဆို့ ခြင်းခံရပြီးနောက် ရှစ်လအတွင်း  မြန်မာနိုင်ငံတွင် ပြည်ပတင်ပို့ သည့် ဆန်ကြမ်းလက်ကျန် တန် ချိန်သုံးသန်းခွဲကျော် ကျန်ရှိနေ သည်။ ပြီးခဲ့သည့်နှစ်များက ပြည် တွင်း၌ ဆန်ကြမ်းလက်ကျန် တန် ချိန် လေးသိန်းမှ ငါးသိန်းအကြား သာရှိကြောင်း မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ် တာဝန်ရှိသူအ ချို့က ပြောသည်။

No comments:

Post a Comment