Tuesday, May 28, 2019

အခွန်ကောက်ခံခြင်းနှင့် ဆင်းရဲ-ချမ်းသာမညီမျှမှု

ဖွံ့ဖြိုးပြီးနိုင်ငံများ၌ နေထိုင်သူအများစုသည်ပင်လျှင် လူ့အဖွဲ့အစည်းအတွင်းရှိ အဆင်းရဲဆုံးလူများကို ကူညီနိုင်ရန်အတွက် ချမ်းသာသူများကို ゞင်းတို့၏ အစိုးရများအနေဖြင့် အခွန်တိုးမြှင့်ကောက်ခံရန် လိုလားကြကြောင်း မကြာသေးမီက ပြုလုပ်ခဲ့သည့် လေ့လာချက်တစ်ရပ်အရ သိရသည်။ OECD က ပြုလုပ်သည့် လေ့လာချက်တွင်ပါဝင်သော ၂၁ နိုင်ငံစလုံးရှိ လူထက်ဝက်ကျော်က “ဆင်းရဲသူများကို ထောက်ပံ့ရန်အတွက် အစိုးရအနေဖြင့် ချမ်းသာသူများကို အခွန်တိုးကောက်သင့်သလား” ဟု မေးမြန်းသည့်အခါ ကောက်သင့်သည်ဟု ထောက်ခံခဲ့ကြသည်။
OECD က လူပေါင်း ၂၂,ဝ၀ဝ ကို မေးမြန်းခဲ့သည့် စစ်တမ်းသည် လွန်စွာဒုက္ခတွေ့ရကြောင်းနှင့် ဖြေဆိုသူများ၏ ရာခိုင်နှုန်း ၆၀ က ゞင်းတို့အနေဖြင့် ပေးဆောင်ခဲ့ရသည့် အခွန်ငွေများအတွက်မျှတသည့် ဝေစုကို ပြန်လည် ရရှိခြင်းမရှိဟု ထင်မြင်သည်ဟု ဖြေကြားခဲ့ကြကြောင်း ပြောကြားခဲ့သည်။
လူငါးဦးလျှင် တစ်ဦးနှုန်းကသာ အကျပ်အတည်းဖြစ်ရပ်များတွင် ゞင်းတို့အနေဖြင့်  နိုင်ငံတော်၏ အကျိုးကျေးဇူးများကို အလွယ်တကူ ခံစားရနိုင်သည်ဟု တွေးထင်ကြောင်း ဖြေကြားခဲ့ကြပြီး အများစုက ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်၍ အကြီးအကျယ် စိုးရိမ်နေကြောင်း ပြောကြားခဲ့ကြသည်။ ၁၀ ဦးလျှင် ခြောက်ဦးခန့်က ゞင်းတို့၏ အစိုးရအဖွဲ့များသည် ゞင်းတို့၏ အမြင်များနှင့် စိုးရိမ်မှုများကို လျစ်လျူပြုထားကြသည်ဟု ဖြေဆိုခဲ့ကြသည်။

“ဒါဟာ မူဝါဒချမှတ်သူတွေကို လှုပ်နှိုးလိုက်တာပါပဲ။ လူတွေအများကြီးက သူတို့ အကူအညီ လိုအပ်တဲ့အခါ သူတို့အစိုးရအဖွဲ့တွေကို အပြည့်အဝ အားကိုးနိုင်တယ်လို့ မခံစားရဘူး” ဟု စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (OECD ) အထွေထွေအတွင်းရေးမှူး အိန်ဂျယ်ဂါရီယာက ပြောကြားခဲ့သည်။ “ဒီတွေးထင်ချက်ကို မောင်းနှင်တဲ့ အကြောင်းခြင်းရာတွေနဲ့ သူတို့အနေနဲ့ ပိုပြီးထိရောက်၊ ပိုပြီးလုံလောက်တဲ့ လူမှုရေးကာကွယ်စောင့်ရှောက်မှုတွေရဖို့ မဖြစ်မနေ ရုန်းကန်နေရတယ်လို့ လူတွေဘာကြောင့်ထင်သလဲ ဆိုတာတွေကို ပိုပြီးကောင်းစွာ နားလည်ဖို့ လိုပါတယ်။ ကျွန်တော်တို့အနေနဲ့ အစိုးရအပေါ်  ယုံကြည်အားကိုးမှုကို ပြန်လည်ထိန်းသိမ်းပြီး အခွင့်အလမ်း တန်းတူညီမျှမှုရရှိရေးကို မြှင့်တင်ဖို့ လိုပါတယ်” ဟုလည်း ゞင်းက ပြောကြားခဲ့သည်။ ကမ္ဘာတစ်လွှား၌ ဆင်းရဲသူများအတွက် မရှိမဖြစ် ဝန်ဆောင်မှုများကို  ရန်ပုံငွေထောက်ပံ့ရန် အလွန်အမင်း ချမ်းသာသူများအပေါ် ပိုမိုမြင့်မားသောနှုန်းဖြင့် အခွန်ကောက်ခံရေးအား နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများက တောင်းဆိုနေကြစဉ် အဆိုပါစစ်တမ်း ပေါ်ထွက်လာခြင်းဖြစ်သည်။ အယ်လိဇဘတ်ဝရန်းနှင့် ဘာနေးဆန်းဒါးတို့အပါအဝင် ၂၀၂၀ ပြည့်နှစ် အမေရိကန်သမ္မတရွေးကောက်ပွဲအတွက် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်းများစွာတို့ကလည်း မညီမျှမှုများကို ကိုင်တွယ်ရန် အလွန်အမင်း ချမ်းသာသူများကို နှုန်းထားအသစ်များဖြင့် အခွန်ကောက်ခံရန် အဆိုပြုထားသည်။ ပြင်သစ်နိုင်ငံတွင် Yellow Vests ဆန္ဒပြသူများကလည်း အခွန်ဝန်ထုပ်ဝန်ပိုးဝေစုကို ချမ်းသာသူများ ပခုံးပေါ်သို့ ပို၍တင်ရန် တောင်းဆိုထားကြသည်။

ပေါ်တူဂီနှင့် ဂရိတို့မှ ပြည်သူလူထု ရာခိုင်နှုန်း ၈၀ ခန့်က ゞင်းတို့အနေဖြင့် အစိုးရများကို ချမ်းသာသူများအပေါ် ပိုမိုမြင့်မားသောနှုန်းဖြင့် အခွန်ကောက်ခံရန်လိုလားကြောင်း ပြောကြားခဲ့ကြသည်။ အမေရိကန်တွင် စစ်တမ်းကို ဖြေဆိုသူများ၏ ထက်ဝက်ကျော်က ချမ်းသာသူများအပေါ် ထပ်တိုးအခွန်များ ကောက်ခံရန် ထောက်ခံခဲ့ကြသည်။ OECD က ကောက်ခံသည့်စစ်တမ်းတွင် ပါဝင်သူများအား ဝင်ငွေအဆင့် သတ်မှတ်ချက် မထားသကဲ့သို့ ချမ်းသာသူများဟူ၍လည်း ခွဲခြားဖယ်ရှားခဲ့ခြင်းမရှိဟု ဆိုသည်။ ゞင်းတို့၏ စစ်တမ်းက ကမ္ဘာတစ်လွှားတွင် လူမှုရေးမူဝါဒများနှင့်ပတ်သက်၍ မကျေနပ်မှုများ အကြီးအကျယ်ဖြစ်ပေါ်နေကြောင်း ဖော်ပြနေသည်ဟု OECD က ဆိုသည်။

မည်သို့ပင်ဆိုစေ အခွန်ကောက်ခံခြင်း၏ ကြီးမားသော ရည်ရွယ်ချက်တစ်ရပ်မှာ  ဆင်းရဲ-ချမ်းသာ မညီမျှမှုကို အထိုက်အလျောက် ထိန်းညှိပေးရေးဖြစ်ပါကြောင်း The Daily Eleven သတင်းစာက ရေးသားအပ်ပါသည်။

No comments:

Post a Comment