Tuesday, May 28, 2019

ကျောင်းခေါ်ကြိမ် မပြည့်သူများ၊ တတ်မြောက်မှု အားနည်းသူများကို ဇူလိုင်ကစ၍ ဖြည့်ဆည်းသင်ကြားပေးရန် ညွှန်ကြား

 ကျောင်းခေါ်ကြိမ် မပြည့် သူ၊ တတ်မြောက်မှုအားနည်းသူ အခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအတွက် ဖြည့်ဆည်းသင်ကြားပေးခြင်း (Reme-dial Education)ကို ဇူလိုင်ကစ၍ ပြုလုပ်ရန် ပညာရေးဝန်ကြီးဌာန က ကျောင်းအုပ်၊ ဆရာ၊ ဆရာမ များအား ညွှန်ကြားထားသည်။ ၂၀၁၉-၂၀ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်ကို မေလ ၂၅ ရက်မှ ၃၁ ရက်အထိ ဆောင်ရွက်မည်ဖြစ်ပြီး ပညာရေး ဝန်ထမ်းများကို ယခုပညာသင် နှစ်နှင့်ပတ်သက်၍ အသိပေးကြေ ညာချက်များ ထုတ်ပြန်ထားရာ တွင် ထိုသို့ ထည့်သွင်းညွှန်ကြား ခြင်းဖြစ်သည်။



 စာမေးပွဲစစ်ဆေးခြင်းကို တစ်နှစ်လုံးတွင် လေးကြိမ်သာ ဆောင်ရွက်မည့်အပြင် ဖြည့် ဆည်းသင်ကြားခြင်းကို ဇူလိုင်က စတင်၍ နှစ်ဆုံးစစ်ဆေးခြင်းမတိုင်မီအထိ ဆက်လက်ဆောင် ရွက်မည်ဖြစ်ကြောင်း ညွှန်ကြား ထားသည်။ ‘‘စာမလိုက်နိုင်တဲ့ ကလေး လိုက်နိုင်အောင်၊ ကျောင်းခေါ် ကြိမ်မပြည့်တဲ့ ကလေးကို စာ လိုက်နိုင်အောင် ဇူလိုင်ကတည်း က ဖြည့်ဆည်းသင်ကြားပေးရ မယ်။ အပတ်စဉ်မှန်မှန် Reme-dial (ဖြည်းဆည်းသင်ကြားခြင်း) လုပ်ပေးရမယ်။ ထိရောက်မှုရှိဖို့ တော့ ဆရာကြီး၊ ဆရာမကြီးတို့ ကြိုးစားပေးကြပါ’’ဟု ပညာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းအပ်နှံရေး သီတင်းပတ် မတိုင်မီ မေလတတိယပတ်တွင် ရန်ကုန်မြို့ရှိ ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

ကျောင်းဖွင့်ပြီး နှစ်လအတွင်း ကျောင်းသား၊ ကျောင်းသူ များ၏ သင်ယူမှုအခြေအနေကို အကဲဖြတ်ကာ ၎င်းတို့အားနည်း သော ဘာသာရပ်များအတွက် အချိန်ပိုခေါ်ယူကာ ဖြည့်ဆည်း သင်ကြားရန် စီစဉ်ထားကြောင်း ကျောင်းအုပ်ကြီးများကဆိုသည်။

‘‘ဇူလိုင်ကတည်းက ဖြည့် ဆည်းသင်ကြားရမယ်လို့ ပြော ထားတယ်။ ဒါက နှစ်တိုင်းပါပဲ။ စာမေးပွဲလေးကြိမ်စစ်မယ်။ ပထမအကြိမ် စာမေးပွဲပြီးကတည်းက Remedial (ဖြည့်ဆည်းသင်ကြား ခြင်း)လုပ်ခိုင်းတာပါ’’ဟု ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်မှ အလယ်တန်းပြဆရာမတစ်ဦးက ပြောသည်။

ဖြည့်ဆည်းသင်ကြားသည့် စနစ်ကို ၂၀၁၆-၁၇ ပညာသင်နှစ် က စတင်ခဲ့ပြီး အောက်တိုဘာအ တွင်း ကျင်းပသည့် နှစ်လယ်စာ မေးပွဲတွင် အားနည်းသော ဘာ သာရပ်အလိုက် နိုဝင်ဘာ၊ ဒီဇင်ဘာနှင့် ဇန်နဝါရီ သုံးလအတွင်း အချိန်ပို ခေါ်ယူကာ ဆရာ၊ ဆရာမများက ပြန်လည်သင်ကြားခဲ့ သည်။ ယခုနှစ်တွင် ပထမအကြိမ် စာမေးပွဲပြီးစဉ် ဇူလိုင်လကစပြီး ဖြည့်ဆည်း သင်ကြားရမည်ဖြစ် သည်။  အခြေခံပညာကျောင်းများ ကို ဇွန်လ ၃ ရက်တွင် စတင်ဖွင့် လှစ်မည်ဖြစ်သည်။

No comments:

Post a Comment