Tuesday, May 28, 2019

အပူပိုင်းဒေသ ချောက်မြို့တွင် မိုးတွင်းကာလ သစ်ပင်ပေါင်း သောင်းချီ စိုက်ပျိုးမည်

နွေရာသီရောက်တိုင်း အပူချိန်​မြင့်တက်​​လေ့ရှိတဲ့ ချောက်မြို့မှာ မိုးတွင်းကာလရောက်ရင် အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာနက သစ်ပင်ပေါင်း ၁၈၈၀၅ ပင် စိုက်ပျိုးသွားဖို့ ရှိနေပါတယ်​။ြေ မပြုပြင်တဲ့လုပ်ငန်းတွေပြီးလို့ မိုးရွာတာနဲ့ အပင်တွေတန်းစိုက်သွားမှာလို့ အပူပိုင်းစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်​ဦးစီး ဦးသိန်းကို က ပြောပါတယ်​။



”ဒီနှစ်​ မတ် ၁၃ ရက်က​နေ မေ ၁၄ ရက်နေ့အထိကို မိုးကြိုရေလောင်းစိုက်ထားတာက သစ်မျိုးစုံ ၁၂ မျိုးနဲ့ အပင် ၁၀၀၀၊ ရေနံ CSR ငွေနဲ့ ရွှေပုံတောင်ဘုရားတောင်ခြေမှာ တမာပင် အများဆုံးပါတဲ့ သစ်ပင်စုစုပေါင်း ၂၁၀၅ ပင်ကို စိုက်ပျိုးပြီးပြီ၊ ခုမိုးတွင်းကာလမှာ စိုက်ပျိုးဖို့ ကျန်တာက ၁၆၇၀၀ ပင် ကျန်တယ်၊ မြေပြုပြင်ခြင်းလုပ်ငန်းတွေပြီးလို့ မိုးရွာတာနဲ့ တန်းစိုက်သွားမှာ”

အဲ့ဒီ စိုက်​ခင်းကို ပြည်ထောင်စုဘတ်ဂျတ်ငွေနဲ့ ၂၀၀၁ ခုနှစ်မှ စတင်ပြီး ၂၀၁၉ ခုနှစ်အထိ လုပ်ဆောင်နေတာပါ။

ရွှေပုံတောင်စိမ်းလန်းစိုပြေရေးလုပ်ငန်းမှာ စိုက်ခင်းမြေဧက ၁၂၃၇၉ ဧကရှိပြီး တမာပင်ကို အဓိက အများဆုံး နှစ်စဉ် ဖြည့်စွက်စိုက်ပျိုးခဲ့ရာ စိုက်ပျိုးသစ်ပင်စုစုပေါင်း ၁၃ သိန်းခန့် စိုက်ပျိုးထားတဲ့အနက် စိုက်ခင်းအောင်မြင်မှု ၆၅ ရာခိုင်နှုန်းရှိတယ်​လို့ သိရပါတယ်​။

ရွှေပုံတောင်စိမ်းလန်းစိုပြည်လုပ်ငန်းမှာ ပင်မအတွင်းစည်းနယ်မြေနဲ့ အပြင်စည်းနယ်မြေ ဆိုပြီး နှစ်ပိုင်း ခွဲခြားဆောင်ရွက်ထားပါတယ်။

အမှတ် ၁ နယ်မြေ ရွှေပုံတောင်ဘုရားပတ်​ဝန်းကျင်​ကို ပင်​မအတွင်းစည်းနယ်မြေအဖြစ်​ သတ်မှတ်ထားပြီး ကျောက်တဲကျေးရွာ၊ ရွာသစ်ကျေးရွာ၊ နယ်ခြားကျေးရွာ၊ တရော်ကုန်းကျေးရွာ၊ မိုလာကျေးရွာ၊ ခဲကြီးကုန်း စိုက်ခင်း ပတ်ဝန်းကျင်းတောင်ကုန်းတွေကို အပြင်​စည်း နယ်​​မြေ အဖြစ်​​ဆောင်​ရွက်​ထားပါတယ်​။

ချောက်မြို့နယ်မှာ အခုနှစ်​ အပူချိန်​စံချိန်​သစ်​ မြင့်တက်​ခဲ့လို့ ​ချောက်​မြို့နယ်​ အပူချိန်​​လျှော့ချ​ရေး ​ကော်​မတီက ဦး​ဆောင်​ပြီး သစ်​ပင်​စိုက်​ပျိုးတာ ထိန်းသိမ်းတာတွေ ဆောင်ရွက်နေပါတယ်​။

No comments:

Post a Comment