Friday, June 14, 2019

ရန်ကုန်တက္ကသိုလ်တွင် ဦးဖေမောင်တင်ရုပ်တု မထားရန် ပစ်စာပေးကန့်ကွက်သူရှိ၍ ထားရှိရန် ကြန့်ကြာနေဟုဆို

ရန်ကုန်တက္ကသိုလ်၏ ပထမဆုံး မြန်မာလူမျိုးကျောင်း အုပ်ကြီး၊ မြန်မာစာဌာနတည် ထောင်သူ ဦးဖေမောင်တင်ရုပ်တု ကို ၂၀၁၉ နှစ်ဆန်းတွင် ရန်ကုန် တက္ကသိုလ်မြန်မာစာဌာန၌ ထားရှိ ရန် စီစဉ်ထားသော်လည်း ပစ်စာ ပေးကန့်ကွက်သူရှိ၍ ကြန့်ကြာနေ ကြောင်း ရန်ကုန်တက္ကသိုလ် မြန် မာစာဌာန ပါမောက္ခ (ဌာနမှူး) ဒေါက်တာအောင်မြင့်ဦးက ပြော သည်။ ဆရာကြီးဦးဖေမောင်တင် ရုပ်တုကို မြန်မာစာဌာနတည်ရှိရာ ရန်ကုန်တက္ကသိုလ် တောင်ငူ ဆောင်မြက်ခင်းပြင်၌ ထားရှိရန် ကျောင်းသားဟောင်းများက ရုပ် တုလှူဒါန်းပြီး ရုပ်တုထားမည့်  အုတ်ခုံတည် ဆောက်နေဆဲတွင် ရုပ်တုမထား ရန် ကန့်ကွက်သည့် ပစ်စာတစ် စောင် ရန်ကုန်တက္ကသိုလ်၊ ပညာရေးဝန်ကြီးဌာန    ဝန်ကြီးရုံး၊ နိုင်ငံတော်    အတိုင်ပင်ခံရုံးသို့ ရောက်ရှိခဲ့သည်။



ထိုပစ်စာတွင် ရန်ကုန်တက္က သိုလ် တောင်ငူဆောင်သည် အင်္ဂ လိပ်စာဌာန၊ မနုဿဗေဒဌာနတို့ နှင့်လည်း သက်ဆိုင်ပြီး မြန်မာစာ ဌာနတစ်ခုတည်း သက်ဆိုင်သည့် နေရာမဟုတ်၍ ဦးဖေမောင်တင် ရုပ်တုကို တောင်ငူဆောင်မြက် ခင်းပြင်၌ မထားသင့်ကြောင်း၊ မြန်မာစာပါမောက္ခများစွာရှိသည့် အနက် ဦးဖေမောင်တင်တစ်ဦး တည်း ရုပ်တုထားပါက အခြား ပါမောက္ခများကပါ ရုပ်တုထားပေး ရန် တောင်းဆိုလာနိုင်ကြောင်း၊ အခြားနိုင်ငံရေးနှင့် ပတ်သက်သူ များ ဥပမာ - ဗိုလ်အောင်ကျော်ကဲ့ သို့သော သူများ၏ရုပ်တုထားမည် ဟု တောင်းဆိုလာနိုင်ကြောင်း အချက်သုံးချက်ရေးကာ ဦးဖေ မောင်တင်ရုပ်တု ထားရှိရေးကို ကန့်ကွက်ခဲ့သည်။

ထိုအချက်များကို မြန်မာစာ ဌာနက ဖြေရှင်းချက်ပေးပို့သော် လည်း ထိုပစ်စာပေးသူနှင့်တွေ့ ဆုံရန် ထပ်မံညွှန်ကြားမှုကြောင့် ပစ်စာပါ လိပ်စာအတိုင်း တွေ့ဆုံ ရန် ကြိုးစားရာ လိပ်စာအတုဖြစ် နေသည်ဟု ဒေါက်တာအောင်မြင့် ဦးက ပြောသည်။

ထို့နောက် တောင်ငူဆောင် တွင် ဦးဖေမောင်တင်ရုပ်တုထား ရှိရေး ဆရာသမဂ္ဂ၊ ကျောင်းသား သမဂ္ဂ၊ မြန်မာစာဌာန၊ လွှတ်တော် အမတ်များ၏သဘောထားမှတ် ချက်တောင်းခံရန် ထပ်မံညွှန်ကြား ရာ ထိုသဘောထားမှတ်ချက်များ ကို မြန်မာစာဌာနက စုစည်းပြီး ဝန်ကြီးရုံးသို့ ထပ်မံတင်ပြထား သည်ဟု ၎င်းက ဆိုသည်။

သဘောထားမှတ်ချက်ပေး သူအားလုံးက ရုပ်တုထားရေး သဘောတူထားပြီး ဝန်ကြီးရုံး၏ ခွင့်ပြုချက်ကျပါက ၂၀၁၉ ဒီဇင် ဘာတွင် ရုပ်တုဖွင့်ပွဲပြုလုပ်မည် ဟု ဒေါက်တာအောင်မြင့်ဦးက ဆိုသည်။

‘‘မြန်မာစာဌာနတင်မဟုတ် ဘူး။ ရန်ကုန်တက္ကသိုလ်တစ်ခုလုံး က ဂုဏ်ယူရမယ့်ပုဂ္ဂိုလ်။ အင်္ဂလိပ်လက်ထက်မှာ၊ မြန်မာလူမျိုးထဲမှာ သူ ပထမဆုံး မြန်မာလူမျိုးကျောင်း အုပ်ကြီး၊ ဟိုတုန်းက ပါမောက္ခချုပ်လို့ မသုံးလို့သာ ပါမောက္ခချုပ် ဆိုတဲ့ နာမည်မရှိတာ။ သူက တကယ်တော့ အကြီးအမှူး အဓိပတိပဲ။ အင်္ဂလိပ်လက်ထက်မှာ မြန်မာစာအဖိနှိပ်ခံနေရတဲ့ ကြားထဲက မြန်မာစာကို သီးခြားဌာန တစ်ခုဖြစ်လာအောင် သူထူထောင် ခဲ့လို့။ မြန်မာစာပေမှာ ဆရာကြီး ဦးဖေမောင်တင်ရဲ့ စာအုပ်စာ တမ်းပေါင်းများစွာကို ရည်ညွှန်း ကိုးကားနေရတာ။ ဆရာကြီးရုပ် တုကို ဌာနမှာ ထားတာက မြန်မာ စာကျောင်းသူ၊ ကျောင်းသားတွေ အတွက် ဂုဏ်ယူစရာ၊ အတုယူ စရာဖြစ်တယ်’’ ဟု ဒေါက်တာ အောင်မြင့်ဦးက ဆိုသည်။

တောင်ငူဆောင် မြက်ခင်း ပြင်၌ ဆရာကြီးဦးဖေမောင်တင် ရုပ်တုထားခွင့်မပေးခြင်းသည် မြန်မာစာဘာသာရပ်ကို ဖိနှိပ်သည့် အပြုအမူဖြစ်ကြောင်း ‘လက်ဆောင်’ ကဗျာနှင့်ပတ်သက်၍ မြန်မာနိုင်ငံ လုံးဆိုင်ရာ ဆရာ၊ ဆရာမများအ ဖွဲ့ချုပ် (MTF) က ဇွန်လ ၉ ရက်စွဲဖြင့် ထုတ်ပြန်သည့် ကြေညာချက် တွင် ထည့်သွင်းတောင်းဆိုထား သည်။

MTF အတွင်းရေးမှူး ဒေါက် တာဇော်မျိုးလှိုင်က ‘‘ဆရာကြီး ရုပ်တုထားတာကို မြန်မာစာ ချစ် တဲ့သူတွေက အလေးအနက် ထောက်ခံကြတယ်။ Physics မှာ ဆိုလည်း ဆရာကြီး ဒေါက်တာ မောင်မောင်ခ ရုပ်တုရှိတယ်။ အင်္ဂလိပ်စာမှာဆို ဆရာဒေါက် တာမျိုးမြင့်ရုပ်တုရှိတယ်။ မြန်မာ စာအတွက်ဆို တစ်တိုင်းတစ်ပြည် လုံးနဲ့လည်း ဆိုင်တယ်။ ထားခွင့်မရသေးတဲ့အတွက် စိတ်မကောင်း ဘူး’’ဟု ဆိုသည်။ ဦးဖေမောင်တင်သည် ရန် ကုန်တက္ကသိုလ်ကျောင်းအုပ်ကြီး အဖြစ် ၁၉၃၆ မှ ၁၉၄၁ အထိ၊ ရန်ကုန်တက္ကသိုလ်အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌအဖြစ် ၁၉၄၁ မှ ၁၉၄၅ အထိ တာဝန်ယူခဲ့သည်။ ကိုလိုနီ ခေတ်တွင် တက္ကသိုလ်အာဏာပိုင် များက မြန်မာစာပေကို အထင် အမြင်သေးပြီး တက္ကသိုလ်၌ မြန် မာစာဌာန သီးခြားမရှိချိန်တွင် ဦးဖေမောင်တင်က တက္ကသိုလ် မြန်မာစာဌာနကို ကြိုးပမ်းတည် ထောင်ခဲ့သည်။

No comments:

Post a Comment