Friday, June 14, 2019

ကစားသမားများ၏ စွမ်းဆောင်ရည်ကို စောင့်ကြည့်လေ့လာမည့် Genius Sports နှင့် မြန်မာလိဂ် ဆွေးနွေး

 မြန်မာလိဂ် ဘောလုံး ပြိုင်ပွဲတွင်ဝင်ရောက် ယှဉ်ပြိုင်နေ သည့် ကစားသမားများ၏ စွမ်း ဆောင်ရည်ကို စောင့်ကြည့် လေ့ လာနိုင်ရန် Genius Sports ကုမ္ပဏီနှင့် မြန်မာလိဂ်တို့ ဇွန်လ ၁၃ ရက်က တွေ့ဆုံဆွေးနွေးခဲ့ သည်။ ဗြိတိန်အခြေစိုက် Genius Sports ကုမ္ပဏီသည် အားကစား ဆိုင်ရာ အချက်အလက်နှင့် နည်း ပညာပိုင်းဆိုင်ရာ ထောက်ပံ့နေ သည့် ကုမ္ပဏီဖြစ်သည်။



 ၎င်းသည် လက်ရှိတွင် အာရှဘောလုံးအဖွဲ့ချုပ်၊ ပရီးမီးယားလိဂ်၊ ဘွန် က်စ်လီဂါ၊ NBA အစရှိသည့် ကမ္ဘာကျော်ပြိုင်ပွဲကြီးများနှင့် လက်တွဲဆောင်ရွက်နေသည့်လုပ်ငန်းဖြစ်သည်။

Genius Sports အနေဖြင့် မြန်မာလိဂ်ပြိုင်ပွဲ၏ နောက်ဆုံးရ သတင်းအချက်အလက်များကို  အချိန်နှင့်တစ်ပြေးညီ ပရိသတ်ထံ တင်ဆက်ရန်နှင့် ပြိုင်ပွဲဝင် ကစား သမားများ၏ တစ်ဦးချင်း စွမ်း ဆောင်ရည်ကို တစ်ပွဲချင်းကောက် ယူ စုဆောင်းမည်ဖြစ်သည်။ ယင်းမှတစ်ဆင့် ကစားသမားများ ၏ စွမ်းဆောင်ရည်များကို ပရိ သတ်များ အလွယ်တကူလေ့လာ အကဲခတ်နိုင်ရန် ဆောင်ရွက်မည် ဖြစ်ကြောင်း မြန်မာလိဂ်ကထုတ် ပြန်သည်။

လက်ရှိတွင် Genius Sports အနေဖြင့် မြန်မာလိဂ်ပွဲစဉ်များ တွင် ကစားသမားများ၏ စွမ်း ဆောင်ရည်ကို စမ်းသပ်ကောက် ယူနေသည်။ လာမည့် ၂၀၂၀ ဘောလုံးရာသီ စတင်ချိန်တွင် ပွဲရလဒ်တိုက်ရိုက်တင်ဆက်ခြင်း အပါအဝင် ကစားသမားများ၏ စွမ်း ဆောင်ရည် အချက်အလက်များ ကို မြန်မာလိဂ်ဝက်ဘ်ဆိုက်၊ မို ဘိုင်း အက်ပလီကေးရှင်းများမှ တစ်ဆင့် ပရိသတ်လက်ဝယ်သို့ တစ်ဆင့်ချင်းစီ ပို့ဆောင်နိုင်ရန် ရည်ရွယ် ဆောင်ရွက်နေသည်။

No comments:

Post a Comment