Thursday, July 4, 2019

ချင်းတိုင်းရင်းသားတစ်ယောက်မှ AA အဖွဲ့ထံ တောင်းဆိုချက်

၂၀၁၅ ခုနှစ်ကစပြီး AA အဖွဲ့သည် ဒီနေ့ဒီချိန်ထိ ပလက်ဝမြို့နယ်မှာ အခြေချပြီး ရခိုင်ပြည်နယ်ကို Federate state အဖြစ် ပြောင်းလဲရရှိရေးအတွက် တိုက်ပွဲဝင်နေကြရတာကို မြင်တွေ့ရပါတယ်။ ဒါဟာ လုံးဝလက်မခံနိုင်ပါ။ သင်တို့လိုချင်သော Federate state ရဖို့ ငါတို့ ချင်းပြည်သူတွေ မြေစာပင် ဖြစ်နေတာကို လုံးဝလုံးဝ လက်မခံပါ။ မင်းတို့ဟာ မင်းတို့ ဘာ federate ပဲ ရရ ငါတို့က စိတ်မဝင်စားဘူး။ ငါတို့ နယ်မြေ ငါတို့ပြည် အေးချမ်းဖို့ကိုပဲ ငါတို့ကလိုလားပါတယ်။ ငါ့တို့ပြည်သူတွေဟာ မင်းတို့ AA ကြောင့် ငါတို့ရဲ့ အနာဂတ်တွေ ပျောက်ဆုံးနေပါပြီ။



ဒါကြောင့် အောက်ပါ အချက် (၇) ချက်ကို အမြန်ဆုံး အကောင်ထည်ဖော်ကာ လိုက်နာဆောင်ရွက်ပေးပါရန် တောင်းဆိုခြင်း ဖြစ်ပါတယ်။
၁။ ဖမ်းဆီးထားတဲ့ ရွာသား ၁၈၀ ယောက်ကို အမြန်ဆုံးနဲ့ ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ။
၂။ ဖမ်းဆီးထားတဲ့ ကလာတန်မြစ်ကူး တံတားဆောက်လုပ်ရေး အလုပ်သမားများကိုလည်း အမြန်ဆုံး ချွင်းချက်မရှိ ပြန်လွှတ်ပေးပါ။
၃။ ချင်းပြည်နယ် ပလက်ဝမြို့ကနေ အမြန်ဆုံးထွက်သွားပေးပါ။
၎။ ပလက်ဝမြို့နယ်အတွင်း၌ မည့်သည့် တိုက်ပွဲမှ အလိုမရှိပါ။
၅။ လူသားချင်း စာနာထောက်ထားသော အားဖြင့် စစ်ဘေးရှောင် ချင်းပြည်သူများကို လိုအပ်သော ပစ္စည်းများ ထောက်ပံ့ပေးပါ။
၆။ တည်ငြိမ်အေးချမ်းတဲ့ နေရာဒေသအဖြစ် ပြန်လည်ရရှိဖို့ တိုက်ပွဲများကို ရှောင်ရှားပေးပါ။
၇။ နဂိုပကတအြတိုင်း အေးချမ်းသော ဒေသအဖြစ် ပြန်လည်ရရှိအောင် ပလက်ဝမြို့နယ်ကနေ အမြန်ဆုံး ဆုတ်ခွာပေးပါ။
ဒီတောင်းဆိုချက်ကို AA ဦးစီးချုပ် ထွန်းမြတ်နိုင်၊ ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခ နှင့် AA အဖွဲ့သားအားများလုံး သိကြပါစေ။

No comments:

Post a Comment