Thursday, July 4, 2019

ရန်ကုန်ရှိ နှစ်သုတ်တက်ကျောင်းများ၏ အလယ်တန်း၊ အထက်တန်းအတန်းများကို စာသင်ချိန်တစ်ချိန် ၄၀ မိနစ်ဖြင့် ရှစ်ချိန်ပြောင်းသင်ရန် ညွှန်ကြား

 ရန်ကုန်မြို့ရှိ  နှစ်သုတ် တက် အခြေခံပညာကျောင်းများ ၏ အလယ်တန်း၊ အထက်တန်း အတန်းများကို ဇူလိုင် ၁ ရက်က စတင်ကာ စာသင်ချိန် တစ်ချိန် မိနစ် ၄၀ နှုန်းဖြင့် ရှစ်ချိန်ပြောင်း သင်ရန် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးက ညွှန်ကြားထား သည်။ ယခင်နှစ်များက အလယ် တန်းနှင့် အထက်တန်းအဆင့် အတန်းများ၏ စာသင်ချိန် တစ်ချိန်လျှင် ၄၅ မိနစ်နှုန်းဖြင့် တစ် ရက်လျှင် ခုနစ်ချိန်သတ်မှတ် သင်ကြားသော်လည်း ယခုနှစ်က စတင်ကာ တစ်ချိန်လျှင် ၄၅ မိနစ်နှုန်းဖြင့် တစ်နေ့လျှင် ရှစ်ချိန် ပြောင်းလဲတက်ရမည်ဟု တစ် နိုင်ငံလုံးရှိ အခြေခံပညာကျောင်း များကို အခြေခံပညာဦးစီးဌာနက မေလ  ၃၁  ရက်စွဲဖြင့် ညွှန်ကြား ချက်ထုတ်ပြန်ခဲ့သည်။
ယခု ကျောင်းဖွင့်ချိန်တွင် သင်ရိုးသစ် ဖြင့်စသင်မည့် Grade - 6 (ဆဋ္ဌမတန်း)၌ တစ်ရက်လျှင် စာသင်ချိန် ရှစ်ချိန်သင်ကြားရန် သတ်မှတ်ထားပြီး ယခင်သင်ရိုးဟောင်းအတန်းများဖြစ်သည့် အလယ်တန်းအဆင့် ဆဋ္ဌမတန်း (Grade-7)၊ သတ္တမတန်း၊ အဋ္ဌမတန်း)၊ အထက်တန်းအဆင့် (န၀မတန်း၊ ဒသမတန်း) အတန်းများသည် စာသင်ချိန် ခုနစ်ချိန်သာရှိ၍ စနစ်ဟောင်းအတန်းများကိုပါ စနစ်သစ် စာသင်ချိန် ရှစ်ချိန်အတိုင်း သတ်မှတ် သင်ကြားရမည်ဟုညွှန်ကြားချက်တွင် ဖော်ပြထား သည်။

သို့သော် ရန်ကုန်မြို့ရှိ အခြေ ခံပညာကျောင်းအချို့သည် တစ် နေ့လျှင် နှစ်သုတ်ခွဲကာ ကျောင်း ဖွင့်သည့် နှစ်သုတ်တက်ကျောင်း များ ဖြစ်နေခြင်းကြောင့် စာသင် ချိန်တိုးရပါက ကျောင်းချိန်စော လွန်းခြင်း၊ နောက်ကျလွန်းခြင်း များရှိ၍ အဆင်မပြေနိုင်ဟု ကျောင်းသားမိဘ၊ ဆရာ၊ ဆရာမ များ၏ ဝေဖန်မှုများရှိခဲ့သည်။

စာသင်ချိန်ကို တစ်နေ့ရှစ် ချိန် မဖြစ်မနေပြောင်းရမည်ဖြစ် သော်လည်း စာသင်ချိန် တစ်ချိန် ကို ၄၅ မိနစ် မသတ်မှတ်ဘဲ မိနစ် ၄၀ သာ သတ်မှတ်ရန် ရန်ကုန်မြို့ရှိ နှစ်သုတ်တက်ကျောင်း ကျောင်းအုပ်ကြီးများနှင့် ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးတို့ ညှိနှိုင်းဆုံးဖြတ်ခြင်းဖြစ်သည်။

‘‘နှစ်သုတ်တက်တွေကို ၄၅ မိနစ် ရှစ်ချိန် လုပ်လိုက်ရင် မနက် ၆ နာရီ၊ ည ၆ နာရီ ကျောင်းချိန် လုပ်ရမလိုဖြစ်နေတာမို့ မိနစ် ၄၀ နဲ့ဆို အဆင်ပြေမလားဆိုပြီး ညှိလိုက်တာ။ တစ်သုတ်တက်တွေ က ၄၅ မိနစ်၊ ရှစ်ချိန်တက်ရမယ်၊ နှစ်သုတ်တက်တွေကို မိနစ် ၄၀ နဲ့ ရှစ်ချိန်လုပ်ခိုင်းထားတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ဆို သည်။

ရန်ကုန်မြို့ရှိ တစ်သုတ် တက် အခြေခံပညာကျောင်းများ ကမူ စာသင်ချိန်တစ်ချိန်လျှင် ၄၅ မိနစ်နှုန်းဖြင့် တစ်နေ့လျှင် ရှစ်ချိန် တက်ရမည်ဖြစ်ရာ ယခင်ထက် ကျောင်းချိန် ၄၅ မိနစ် ပိုတက်ရ မည်ဖြစ်သည်။
နေ့စဉ်ပိုတက်ရမည့် စာသင် ချိန်တစ်ချိန်တွင် စာရိတ္တနှင့် ပြည် သူ့နီတိ၊ ဘ၀တွက်တာကျွမ်းကျင် စရာ၊ အားကစားနှင့် ကာယ ပညာ၊ အနုပညာ(ဂီတ)၊ အနု ပညာ(ပန်းချီ)၊ စာဖတ်ရှိန်မြှင့် တင်ရေး၊ ကျောင်းတွင်းလုပ်ငန်း များ၊ ပညာရေးဝန်ကြီးဌာန ဦးစား ပေးအစီအစဉ် ခုနစ်ရပ် (မူးယစ် ဆေးအန္တရာယ်ကင်းစင်ပပျောက် ရေး၊ ဆေးလိပ်သောက်သုံးမှုနှင့် ကွမ်းယာစားသုံးမှု ကင်းစင်ပ ပျောက်ရေး၊ ဘီယာသောက်သုံး ခြင်း မရှိစေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုဘ၀ပုံစံများ လိုက်နာကျင့်သုံးရေး၊ ယာဉ် အန္တရာယ်နှင့် လမ်းအန္တရာယ် ကင်းရှင်းရေး၊ မျိုးဆက်ပွားကျန်း မာရေးဆိုင်ရာ အသိပညာပေး ရေး၊ ကျောင်းသား၊ ကျောင်းသူ များတွင် ဂိမ်းစွဲလမ်းမှုမရှိစေရေး တို့ကို အချိန်ဇယားဆွဲ  သင်ကြား ရမည်ဟု အခြေခံပညာဦးစီးဌာန က ညွှန်ကြားထားသည်။

No comments:

Post a Comment