Thursday, July 4, 2019

ပြည်တွင်း စားသုံးသည့် ရွှေဘိုပေါ်ဆန်းသစ် တစ်အိတ်လျှင် ဇန်နဝါရီလအတွင်းက ကျပ် ၄၈၀ဝ၀ ရှိခဲ့ရာမှ လက်ရှိတွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ဧည့်မထဆန်ဈေး အနည်းငယ် မြင့်တက်

ပြည်တွင်း စားသုံးသည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ယခုနှစ် ဇန်နဝါရီလအတွင်းက ကျပ် ၄၈၀ဝ၀ ရှိခဲ့ရာမှ လက်ရှိအချိန်တွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ဧည့်မထဆန်ဈေး အနည်းငယ် မြင့်တက်လာကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ ထုတ်ပြန်သည့် စာရင်းများအရ သိရသည်။ေ ရွှဘိုပေါ်ဆန်း တစ်အိတ်လျှင် ၂၀၁၄ ခုနှစ်က ကျပ် ၄၃၅၀ဝ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် မေနှင့် ဇွန်လတွင် ကျပ် ၅၅၀ဝ၀ ဈေးရှိနေပြီး ခြောက်နှစ်အတွင်း ရာခိုင်နှုန်း ၂၀ ကျော် မြင့်တက်လာကြောင်း သိရသည်။



မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ၂၀၁၄ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် မေလအတွင်း ဖြစ်ပေါ်ခဲ့သည့် ဆန်အမျိုးအစားအလိုက် ပြည်တွင်း ဈေးနှုန်းများမှာ  ၂၀၁၄ ခုနှစ်က ဧရာဝတီ ပေါ်ဆန်း တစ်အိတ် လျှင် ၃၅၀ဝ၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၃၅၀ဝ ဈေးရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၄၂၀ဝ၀၊ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀ ဈေးရှိလာသည်။
ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင်  ၂၀၁၄ ခုနှစ်က ၁၅၅၀ဝ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်တွင် ကျပ် ၁၇၃၀ဝ အထိ ဈေးရှိလာသည်။

၂၀၁၅ ခုနှစ်အတွင်းတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၇၀ဝ၀ ကျပ်၊  ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၃၈၀ဝ၀၊ ဧည့်မထ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၆၅၀ဝ၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၇၀ဝ၀ ရှိခဲ့သည်။

၂၀၁၆ ခုနှစ်အတွင်းက ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၃၀ဝ၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ်၃၆၀ဝ၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၀၅၀ဝ ရှိခဲ့သည်။

၂၀၁၇ ခုနှစ်အတွင်း ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၄၆၀ဝ၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ်၃၈၀ဝ၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၂၀ဝ၀ဝ၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၈၃၀ဝ ရှိခဲ့သည်။

၂၀၁၈ ခုနှစ် လက်ရှိတွင် ၁၈၀ ပေါင်ရှိ ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ၆၅၀ဝ၀ ကျပ်၊ ဧရာဝတီပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၅၃၀ဝ၀၊ ဧည့်မထ ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ် ၁၉၇၀ဝ၊ ငစိန် ၂၅ မှတ်ဆန် တစ်အိတ်လျှင် ကျပ်၂၂၀ဝ၀ အထိ ဈေးရှိနေကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရသည်။

မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းမှ ထုတ်ပြန်ချက်အရ ၂၀၁၈ခုနှစ် အောက်တိုဘာ ၄ ရက်က ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၆၁၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၆၂၀ဝ၀ အထိ လည်းကောင်း၊ မြောင်းမြ /ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅၂၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၅၆၀ဝ၀ အထိ လည်းကောင်း၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၅ဝဝဝဝမှ အမြင့်ဆုံး ကျပ် ၅၂၀ဝ၀ အထိ လည်းကောင်း၊ ဧည့်မထ (၂၅ မှတ်ဆန်) တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၂၂၅၀ဝ မှ အမြင့်ဆုံး ကျပ် ၂၂၈၀ဝ အထိ လည်းကောင်း အသီးသီး ဈေးရှိခဲ့ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇူလိုင် ၁ ရက်တွင် မြောင်းမြ / ပုသိမ်ပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၄၂၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၄၄၀ဝ၀၊ ဖျာပုံပေါ်ဆန်း တစ်အိတ်လျှင် အနိမ့်ဆုံး ကျပ် ၃၈၀ဝ၀ မှ အမြင့်ဆုံး ကျပ် ၄၀ဝ၀ဝ အထိ လည်းကောင်း၊ ဧည့်မထ တစ်အိတ်လျှင် ကျပ် ၁၈၅၀ဝ မှ ၁၉၅၀ဝ အတွင်း အသီးသီး ဈေးရှိခဲ့ကြောင်း ဆန်ကုန်သည်များထံမှ သိရသည်။

No comments:

Post a Comment