Thursday, July 4, 2019

မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို သတိပေးစကားပြောလိုက်တဲ့ အလှမယ် သင်းသင်း

မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့က အင်တာဗျူးတစ်ခုမှာ ခုခေတ်မိန်းကလေးတွေက အရာရာကို မစဉ်းစားပဲ ဆယ်လီဖြစ်ဖို့အတွက် လုပ်ကြသည်ဟု ပြောထားသည့်အပေါ်မှာ အလှမယ် သင်းသင်းက ပြန်လည် သတိပေးပြောဆိုလိုက်သည်။ ဇူလိုင်လ(၃) ရက်က အမှုကိစ္စအတွက် ရုံးချိန်းလာသည့်အချိန်မှာ အလှမယ် သင်းသင်းက မင်းသမီးကြီး ချိုပြုံးနှင့် မို့မို့မြင့်အောင်တို့ကို ယခုကဲ့သို့ ပြန်လည်တုံ့ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။



“ကျွန်မ မပြောတော့ဘူးလို့နေတာ။ အရင်ရက်ပိုင်းလောက်က အန်တီချိုပြုံးနဲ့ အန်တီမို့မို့မြင့်အောင်တို့က ပြောထားတယ်ရှင့်။ ဘာပြောလဲဆိုတော့ ခုခေတ်မိန်းကလေးတွေက အရမ်းခက်တယ်တဲ့။ ဝါးလုံးရှည်နဲ့ ပတ်ရမ်းထားတယ်။ ဘယ်လိုပတ်ရမ်းတာလဲဆိုတော့ နာမည်ကြီးချင်လို့ဆိုပြီး ပြောတယ်။ အန်တီတို့ကို ပြောချင်ပါတယ်။ စဉ်းစားကြည့်ပါ။ ဝါးလုံးရှည်နဲ့ ပတ်မရမ်းပါနဲ့။ လူတွေက ကိုယ်ဖြစ်မှ ကိုယ်ခံစားရတာကို သိတယ်ရှင့်။ အခုခေတ်မှာ နာမည်ကြီးချင်လား။ လွယ်လွယ်လေးပါ။ လိုင်းပေါ်မှာ ဖော်ချွတ်လုပ် ဘယ်လိုလူပဲဖြစ်ဖြစ် နာမည်ကြီးသွားတာပဲ။ ကျွန်မတို့ မြန်မာလူမျိုးတွေကလေ မကောင်းတာဆိုရင် Sharing လုပ်ကြတယ်။ မကောင်းတာကို Sharing လုပ်တာများပြီး အဲဒီလူက နာမည်ကြီးသွားတယ်။ အဲလိုပဲ အခု ကျွန်မကို အပုတ်ချချင်ကြတာလေ။ အပုတ်ချချင်လို့ သူတို့က လုပ်သွားတာ။”ဟု အလှမယ် သင်းသင်း က ပြောသည်။

သင်းသင်းကို ဝေဠုကျော်က ကာမလိမ်လည်ရယူမှု ပုဒ်မ(၄၁၇)ဖြင့် စွပ်စွဲတရားစွဲဆို တိုင်ကြားထားသည့်အမှုကို ဒီကနေ့ ဇူလိုင်လ (၃) ရက်နေ့က ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ် တရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့ပြီး နောက်ထပ်ရုံးချိန်ကို ဇူလိုင်လ ၁၈ ရက်မှာ ပြန်လည်ချိန်းဆိုလိုက်သည်ဟု သိရသည်။

No comments:

Post a Comment