Thursday, July 4, 2019

အင်ဒိုနီးရှားက အမှိုက်ကုန်သေတ္တာ ၄၉ လုံးကို အမေရိကန်အပါအဝင် အခြားဖွံ့ဖြိုးပြီး နိုင်ငံများသို့ ပြန်ပို့မည်

အရှေ့တောင်အာရှသည် ဖွံ့ဖြိုးပြီးနိုင်ငံများအတွက် အမှိုက်ပစ်ရာနေရာများသဖွယ် ဖြစ်နေခြင်းနှင့်ပတ်သက်၍ အရှေ့တောင်အာရှနိုင်ငံများက ကန့်ကွက်ဆန့်ကျင်မှုများ တိုးမြှင့်လုပ်ဆောင်နေစဉ် အမှိုက်ကုန်သေတ္တာ ၄၉ လုံးကို ပြင်သစ်နိုင်ငံနှင့် အခြားသောဖွံ့ဖြိုးပြီးနိုင်ငံများသို့ ပြန်ပို့မည်ဟု အင်ဒိုနီးရှားက ဇူလိုင် ၂ ရက်တွင် ပြောကြားခဲ့သည်။



အမှိုက်သရိုက်များ၊ ပလတ်စတစ် စွန့်ပစ်ပစ္စည်းများ၊ သွင်းကုန်ဥပဒေများကိုချိုးဖောက်၍ အန္တရာယ်များသော စွန့်ပစ်ပစ္စည်းများပါဝင်နေသည့် ကုန်သေတ္တာ ၄၉ လုံးကို သက်ဆိုင်ရာနိုင်ငံများသို့ ချက်ချင်းပြန်ပို့နိုင်ရန် သွင်းကုန်လုပ်ငန်းရှင်များနှင့် ညှိနှိုင်းနေကြောင်း၊ ထိုအမှိုက်ကုန်သေတ္တာများသည် အမေရိကန်၊ သြစတြေးလျ၊ ဂျာမနီ၊ ပြင်သစ်၊ ဟောင်ကောင်မှ တင်ပို့လိုက်ခြင်းဖြစ်ကြောင်း၊ အင်ဒိုနီးရှား ဘာတမ်ကျွန်းအကောက်ခွန်ရုံးမှ ပြောခွင့်ရပုဂ္ဂိုလ် ဆူမာနာက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အနောက်နိုင်ငံများအတွက် အမှိုက်စွန့်ပစ်ရာနေရာများအဖြစ် အသုံးချခံနေရ ခြင်းကို မလိုလားကြောင်း အရှေ့တောင်အာရှနိုင်ငံများက တစ်ညီတညွတ်တည်းပြောကြားနေကြစဉ် အင်ဒိုနီးရှားသည် ပြီးခဲ့သည့်လက အမှိုက်ကုန်သေတ္တာငါးလုံးကို အမေရိကန်သို့ ပြန်ပို့ခဲ့ပြီး အိမ်နီးချင်းမလေးရှားနိုင်ငံကလည်း တန်ချိန်ရာနှင့်ချီသော စွန့်ပစ်ပလတ်စတစ်ပစ္စည်းများကို သက်ဆိုင်ရာနိုင်ငံများသို့ သင်္ဘ࿿ောဖြင့်ပြန်ပို့မည်ဟု ကတိပြုထားသည်။ တစ်ချိန်တည်းမှာပင် ဖိလစ်ပိုင်နိုင်ငံသည် အမှိုက်ကုန်သေတ္တာ ၆၉ လုံးကို ကနေဒါသို့ ပြန်ပို့ခဲ့ပြီးဖြစ်သည်။ 

No comments:

Post a Comment