Thursday, July 4, 2019

ကျပ်သိန်းတစ်သောင်းခွဲထီဆွတ်ခူးခဲ့သူအဘွားအို ဧရာဝတီဘဏ်တွင် ဆုကြေးငွေများသွားရောက်အပ်နှံ

၅ ကြိမ်မြောက်အောင်ဘာလေသိန်းဆုဖွင့်ပွဲတွင် ကျပ်သိန်းတစ်သောင်းခွဲထီပေါက်သည့် အဘွားအို ဒေါ်ခင်တင့်သည် ဆုကြေးငွေများကို ဧရာဝတီဘဏ်တွင် ယနေ့၌ အပ်နှံလိုက်ကြောင်း သိရသည်။ ဧရာဝတီဘဏ်၏ Facebook Page တွင် ဇူလိုင် ၃ ရက်၌ သတင်းထုတ်ပြန်ထားချက်အရ ယခုကဲ့သို့သိရခြင်း ဖြစ်သည်။



“ အဘွားကဒေါ်ခင်တင့်၊ အသက်(၈၀)ပါ။ သားသမီး (၅)ယောက်ရှိပြီးတစ်ယောက်ဆုံးသွားပြီ ဖြစ်လို့ လက်ရှိ သားသမီး(၄)ယောက်ရှိတယ်ပြောပါတယ်။ မျက်စိရှေ့မှာငွေတွေ အပုံလိုက်ရောက်နေတာ အိပ်မက်မက်လို့ ထီထိုးခဲ့တာပါတဲ့။ ဂဏန်းကိုတော့မရွေးချယ်ခဲ့ဘဲ ထီရောင်းတဲ့သူပေးတဲ့ ထီလက်မှတ်ကိုပဲယူခဲ့ပြီး ပေါက်ခဲ့တာကတော့ အဖွားရဲ့ကံပါပဲ”ဟု ဧရာဝတီဘဏ်မှ ၄င်းတို့၏ Facebook တွင်ရေးသားထားသည်။

ထို့အပြင် “ ဧရာဝတီဘဏ်ကအုပ်ချုပ်မှုဒါရိုက်တာဦးမြင့်ဇော်ကအဖွားကိုတွေ့ဆုံခဲ့တဲ့အခါ ဦးမြင့်ဇော်ကို TV ထဲမှာတွေ့ဖူးတယ်လို့ အဖွားကပြောပါတယ်။ ဧရာဝတီဘဏ်ရဲ့ AYA Royal Banking ကလည်းအဖွားအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုတွေပြုလုပ်ရှင်းပြပေးခဲ့ပြီးအစစအရာရာအဆင်ပြေအောင်စီစဉ်ပေးခဲ့ပါတယ်။

ဘဏ်အနေနဲ့လည်း အဖွားကိုရော၊ အဖွားနဲ့အတူတကွလာရောက်ခဲ့တဲ့သူတွေကို ဘဏ်ရဲ့အမှတ်တရ လက်ဆောင်တွေပေးအပ်ခဲ့ပါတယ်။" စိတ်ချယုံကြည် ဧရာဝတီ " ဆိုတဲ့ ဧရာဝတီဘဏ်ဆောင်ပုဒ်နဲ့အညီ ဧရာဝတီဘဏ်ကိုယုံကြည်ပြီးထီပေါက်တဲ့ ဆုငွေတွေကိုလာရောက်အပ်နှံတဲ့အဖွားကို ဧရာဝတီဘဏ်မိသားစုက အထူးပင်ကျေးဇူးတင်ပါတယ်။ အဘွားရဲ့ယုံကြည်မှုနဲ့ ဧရာဝတီဘဏ်ကိုရွေးချယ်မှုဟာ ဧရာဝတီဘဏ်အတွက် ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်။ဧရာဝတီဘဏ်မိသားစုကနေကျေးဇူးအများကြီးတင်ပါတယ် အဘွားရေ’’ဟု ဖော်ပြထားသည်။

No comments:

Post a Comment