Thursday, July 4, 2019

မန်ယူက ရက်ခ်ျဖို့ဒ်ကို ၂၀၂၃ အထိ စာချုပ်သက်တမ်းတိုးပြီး ဒီဂီယာကို စာချုပ်သစ်ကမ်းလှမ်း

 မန်ချက်စတာယူ နိုက်တက်က အင်္ဂလန်တိုက်စစ် မှူး မားကပ်စ်ရက်ခ်ျဖို့ဒ်ကို တစ် ပတ်လုပ်ခပေါင် နှစ်သိန်းဖြင့် ၂၀၂၃ ဇွန်လအထိ စာချုပ်သက် တမ်းတိုးပြီးနောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် သတ်မှတ် ချက်တစ်ရပ်ပါဝင်သည်။ ရက်ခ်ျဖို့ဒ် (၂၁) နှစ်သည်အ သက် (၇) နှစ်အရွယ်ကပင်မန်ယူ သို့ ရောက်ရှိပြီး အသက် (၁၈) နှစ်အရွယ် ၂၀၁၆ ဖေဖော်ဝါရီက လူကြီးအသင်းတွင် ပထမဆုံး ပွဲ ထွက်ကစားခဲ့သည်။



‘‘ဒီကလပ်က ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေ နဲ့ရော လူတစ်ယောက်အနေနဲ့ပါ ပုံသွင်းပေးခဲ့ပါတယ်။ ကျွန်တော် (၇) နှစ်အရွယ် ရောက်လာပြီး နောက်ပိုင်း မန်ယူကကျွန်တော့် ဘဝမှာ အရာခပ်သိမ်းဖြစ်ခဲ့ပါ တယ်’’ ဟု ရက်ခ်ျဖို့ဒ်က ပြော သည်။ ရက်ခ်ျဖို့ဒ်သည် မန်ယူအ တွက် ပွဲ ၁၇၀ ကစားထားပြီး အင်္ဂလန်အသင်းအတွက် ၃၂ ပွဲပါ ဝင်ကစားထားသည်။ နည်းပြ ဆိုးလ်ရှားက ရက်ခ်ျဖို့ဒ်သည် ၎င်း ၏ မျိုးဆက်များအကြား အရည် အသွေးအကောင်းဆုံး အင်္ဂလန် ကစားသမားများအနက် တစ်ဦး ဖြစ်သည်ဟုပြောကြားသည်။

မန်ယူသည် ဆွမ်ဆီးမှ ဝေးလ်စ်တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်နှင့် ခရစ္စတယ်ပဲ လေ့စ် ညာနောက်ခံလူ အာရွန် ဝန်ဘီဆာကာတို့ကို ခေါ်ယူအား ဖြည့်ထားပြီးတွင် ဂိုးသမားဒီဂီ ယာအား လုပ်ခလစာတိုးမြှင့်ထား သော စာချုပ်သစ်တစ်ရပ်ဖြင့် ကမ်းလှမ်းထားသည်။ ၂၀၁၁ က အက်သလက်တီ ကိုမှ ခေါ်ယူခဲ့သော စပိန်ဂိုးသမား ဒီဂီယာ (၂၈) နှစ်ကို မန်ယူက ရေရှည်စာချုပ်ချုပ်ရန် ပြင်ဆင် နေသည်။

No comments:

Post a Comment