Thursday, July 4, 2019

မြန်မာ ယူ-၁၄ အသင်း အင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ်အနိုင်ရ

တရုတ်နိုင်ငံမှာ ဇူလိုင် ၂ရက် ညနေကကျင်းပတဲ့ ဝူဟန် ယူ ၁၄ နိုင်ငံတကာ ဖိတ်ခေါ် ဘောလုံးပြိုင်ပွဲ အုပ်စုနောက်ဆုံးပွဲစဉ်မှာ  မြန်မာ ယူ ၁၄ လူငယ်အသင်းက အင်ဒိုနီးရှားအသင်းကို ၄ ဂိုးပြတ် အနိုင်ရရှိသွားပါတယ်။ မြန်မာအသင်းဟာ အိမ်ရှင်တရုတ်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားအသင်းတို့နဲ့ အုပ်စု (က)မှာ တအုပ်စုထဲ ယှဉ်ပြိုင်ကစားခဲ့ရတာဖြစ်ပါတယ်။ အုပ်စုတွင်းပွဲစဉ်တွေမှာ  မြန်မာလူငယ် အသင်းဟာ အိမ်ရှင်တရုတ်အသင်းကို ၅ ဂိုးပြတ်ရှုံးနိမ့်ခဲ့သလို  တောင်ကိုရီးယားအသင်းကိုလည်း ၅ ဂိုးပြတ် ရှုံးနိမ့်ခဲ့ ပါတယ်။



အုပ်စုပွဲစဉ်တွေပြီးမှာ မြန်မာအသင်းဟာ သုံးပွဲကစား တပွဲနိုင် နှစ်ပွဲရှုံး ရမှတ် ၃ မှတ်နဲ့ အုပ်စု တတိယနေရာမှာ ရပ်တည်နေပါတယ်။

ပြိုင်ပွဲနောက်ဆုံးပွဲစဉ်အဖြစ် မြန်မာအသင်းဟာ ဇူလိုင် ၅ ရက်နေ့မှာ ပဉ္စမနေရာအတွက် တဖက်အုပ်စုက အသင်းနဲ့ ဆက်လက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

ဝူဟန်ဖိတ်ခေါ် ဖလားဘောလုံးပြိုင်ပွဲကို ဇွန် ၂၉ ရက်ကနေ ဇူလိုင် ၅ ရက်အထိ ကျင်းပမှာဖြစ်ပြီး ပြိုင်ပွဲဝင် အသင်း ၈ သင်းက အုပ်စု နှစ်ခုခွဲပြီး ယှဉ်ပြိုင်ကစားကြတာ ဖြစ်ပါတယ်။

No comments:

Post a Comment