Thursday, July 4, 2019

အောင်လံမြို့မဈေးကြီးလမ်းမတော်လမ်းတစ်လျှောက်၌ သတ်မှတ်ချိန်ကျော်လွန်၍ဈေးရောင်းချသည့် ပျံကျဈေးသည်များကို စည်ပင်သာယာဥပဒေဖြင့် အရေးယူမည်

Image may contain: motorcycle and outdoorမကွေး တိုင်းဒေသကြီး အောင်လံမြို့မဈေး ကြီး လမ်းမတော်လမ်းတစ်လျှောက် ၌ သတ်မှတ်ချိန်ကျော်လွန်၍ ဈေး ခင်းရောင်းချသည့် ပျံကျဈေးသည် များကို မကွေးတိုင်းဒေသကြီး စည် ပင်သာယာဥပဒေဖြင့် အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။ ""ဒီမြို့မဈေးကြီးအရှေ့ဘက် လမ်းမတော်လမ်းမှာ ယာဉ်အန္တရာယ် ကင်းရှင်းရေး၊ ဈေးရောင်းဈေးဝယ် နဲ့ ပြည်သူတွေစိတ်ချမ်းသာစွာ သွား လာနိုင်ရေး၊ ဈေးသာယာလှပရေး အတွက် ဈေးစည်းကမ်းထိန်းသိမ်း ရေးကနေ နံနက် ၇ နာရီခွဲကစပြီး ပျံကျဈေးသည်တွေကို လမ်းမပေါ် ဈေးမရောင်းဖို့ တားမြစ်ထားပါ တယ်။ လမ်းမပေါ်ဈေးရောင်းတာ တွေ့ရင် တိုင်းဒေသကြီးစည်ပင်သာယာရေးဥပဒေအရ အရေးယူ မှာကို ပျံကျဈေးသည်တွေကို ကြို တင်သတိပေးလက်မှတ်တွေ ရေးထိုး ထားပါတယ်""ဟုအောင်လံမြို့မ ဈေးကြီးတာဝန်ခံ ဦးမျိုးဝင်းက ပြောသည်။

အဆိုပါအောင်လံမြို့မဈေး ကြီး အရှေ့ဘက်လမ်းမတော်လမ်း ကို တစ်လမ်းမောင်းစနစ်အဖြစ်သတ်မှတ်ထားသော်လည်း ပျံကျ ဈေးသည်များ၊ အနှေးယာဉ်ဆိုက် ကားများ၊ သုံးဘီးယာဉ်များ၊ ဆိုင် ကယ်များနှင့် ကုန်ချယာဉ်များမှာနေ့စဉ်ဝင်ထွက်သွားလာနေကြပြီးယာဉ်ကြောပိတ်ဆို့မှုများနှင့် ယာဉ် အန္တရာယ်ထိခိုက်မှုများဖြစ်ပေါ် နေသည်။

""အခုအရောင်းအဝယ်တွေ ပါးကုန်တာပေါ့။ ရောင်းမကောင်း ဘူး။ ပစ္စည်းတွေ ဟိုရွှေ့၊ ဒီရွှေ့နဲ့ ခင်းရမယ့်ဟာတွေ ပုံဖျက်ခင်းရ တယ်။ အကုန်ချမခင်းရဘူး။ နောက် ဆိုင်ကကျေနပ်အောင် ခင်းရတာ ပေါ့။ ဝယ်သူကမျက်နှာမြင်မှ ခလုတ် တိုက်မှ ဝယ်တာလေ။ အခက်အခဲ တွေ ဖြစ်တာပေါ့"" ဟု ပျံကျဈေး သည် တစ်ဦးကပြောသည်။

အောင်လံမြို့မဈေးကြီးလမ်း မတော်လမ်းတစ်လျှောက်တွင် ဟင်း သီးဟင်းရွက်နှင့် သားငါးရောင်းချ သူ ၃၅၀ ကျော်မှာ နေ့စဉ်နံနက် ၃ နာရီမှစတင်ကာ ဖောက်သည် ပေးခြင်း၊ တစ်ဆင့်ပြန်ရောင်းချခြင်း များကို မွန်းတည့် ၁၂နာရီအထိ ယခင်က ရောင်းချနေခဲ့ကြရာ ယခု အခါ နံနက် ၇ နာရီခွဲအထိသာ ရောင်းချခွင့်ရမည်ဖြစ်ကြောင်းသိ ရသည်။

No comments:

Post a Comment