Thursday, July 4, 2019

ယာယီရပ်နားခဲ့သည့် FMI လေကြောင်းလိုင်း ပြန်လည်ပျံသန်းမည်ဟု ကြေညာ

ယမန်နှစ်က ယာယီရပ် နားခဲ့သည့် FMI လေကြောင်း လိုင်းသည် မကြာမီ ပြန်လည်ပျံသန်းတော့မည်ဖြစ်ကြောင်း ဇူ လိုင် ၂ ရက်တွင်ကြေညာခဲ့သည်။  လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန် ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင် က ‘‘ပြီးခဲ့တဲ့နှစ်ရက်လောက်က တော့ စာတင်ထားတယ်။ AOC (လေကြောင်းလိုင်း တည်ထောင် ပျံသန်းခွင့်) ပြန်လျှောက်တာပေါ့။   လျှောက်တဲ့စာတော့ ၀င်လာပြီ။ ဒါတော့ ပြန်ဆွေးနွေးဖို့ရှိသေး တယ်။ သူက ဒီတိုင်းလျှောက်လွှာ  လျှောက်လို့မရဘူး။ သူတို့လေ ယာဉ်ပျံ ဘယ်တော့ရောက်မလဲ။   အဓိကလေယာဉ်ပျံ ရှိဖို့လိုတာ ပေါ့။ လေယာဉ်ပျံရှိရင် ၀ယ်တာ လား၊ ငှားတာလား၊ ဘယ်တော့ ရောက်မလဲ။ ခေါ်ပြီး ဆွေးနွေး မယ်၊ မေးမယ်’’ဟု ပြောသည်။



 ယင်းလေကြောင်းလိုင်း သည် လေကြောင်းစီးပွားရေးနယ် ပယ်မှ ယာယီရပ်နားခဲ့စဉ် ATR လေယာဉ်နှစ်စီးရှိသည်။ လေ ကြောင်းလိုင်း ပြန်လည်ပျံသန်း မည့်အစီအစဉ်နှင့် ပတ်သက်၍အသေးစိတ် အချက်အလက်ကို သိရှိရန် FMI လေကြောင်းလိုင်းသို့  ဆက်သွယ်သော်လည်း ဖုန်းခေါ် ဆို၍မရခဲ့ပေ။

FMI လေကြောင်းလိုင်းအ နေဖြင့် ၎င်းတို့၏ စီးပွားရေးအစီအမံများ၊ လေယာဉ်နှင့် သက်ဆိုင်သည့် အချက်အလက်များ တင်ပြနိုင်မှသာ AOC ပြန်လည်ထုတ်ပေးသည့် လုပ်ငန်းစဉ်ကို ဆောင်ရွက်နိုင်မည်ဟု ဦးရဲထွဋ်  အောင်ကပြောသည်။  ယင်းလေကြောင်းလိုင်း သည် ၂၀၁၂ တွင် ရန်ကုန် - နေပြည်တော် ခရီးစဉ်ကို ပျံသန်းခြင်းဖြင့် လေကြောင်းလိုင်းဈေးကွက်သို့ စတင်ဝင်ရောက်ခဲ့သည်။

No comments:

Post a Comment