Thursday, July 4, 2019

လေဖိအားနည်းရပ်ဝန်း ပျက်ပြယ်သွားသော်လည်း နေရာကွက် မိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော် ရှိ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ ကမ်းရိုးတန်းဘက်သို့ ဝင်ရောက်ပျက်ပြယ်သွားသော် လည်း မြန်မာနိုင်ငံတွင် နေရာ ကွက် မိုးကြီးမည့် သတိပေးချက် ကို မိုးလေဝသပညာရှင် ဒေါက်တာထွန်းလွင်နှင့် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားဆဲဖြစ်သည်။  လေဖိအားနည်းရပ်ဝန်း သည် အိန္ဒိယနိုင်ငံ သြရိဿကမ်း ခြေမြောက်ပိုင်းနှင့် ဆက်စပ်နေ သော အနောက်ဘင်္ဂလားပြည် နယ်သို့ ဇူလိုင် ၂ ရက် နေ့လယ်က ရွေ့လျားဝင်ရောက်ခဲ့သည်။ သို့သော် မုတ်သုံလေဆက်လက်အား ကောင်းနေ၍ ကချင်၊ ရခိုင်၊ မွန်နှင့် ကရင်ပြည်နယ်တွင် နေရာကွက် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတိပေးသည်။  နေရာကွက်မိုးကြီးခြင်းနှင့် လေပြင်းတိုက်ခတ်ခြင်းများ ဖြစ် စေသည့် မိုးတိမ်တောင်အန္တရာယ် သည် ကချင်ပြည်နယ်၊ စစ်ကိုင်း တိုင်း အထက်ပိုင်းနှင့် ဧရာဝတီတိုင်းတို့တွင် မြင့်မားနေဆဲဖြစ်ပြီး ရခိုင်ပြည်နယ်တွင် မိုးကြီးနိုင် ကြောင်း ဒေါက်တာထွန်းလွင်က သတိပေးသည်။

No comments:

Post a Comment