Thursday, July 4, 2019

နေပြည်တော်တွင် အနှိပ်ခန်းများ ပိတ်သိမ်းရန်နှင့် ကေတီဗီများ ည ၁၁ နာရီအထိသာဖွင့်လှစ်ရန် သတိပေး မိန်းကလေးအလုပ်သမားများ မထားရှိရန်အချက်ပါဝင်

အုပ်ချုပ်ရေးမြို့ တော်နေပြည်တော်တွင် ဖွင့်လှစ် ထားသည့် အနှိပ်ခန်းများကို ဇူ လိုင် ၁ ရက်ကစ၍ ပိတ်သိမ်းရန်၊ ကေတီဗီများ ည ၁၁ နာရီအထိ သာဖွင့်လှစ်ရန်နှင့် မိန်းကလေး အလုပ်သမားများမထားရှိရန် အုပ်ချုပ်ရေးအာဏာပိုင်များက သတိပေးထားသည်။ ‘‘တရားမ၀င်တဲ့အနှိပ်ခန်း တွေလုံးဝမရှိဖို့ ဖမ်းဆီးအရေးယူ တာပေါ့။ ကေတီဗီက သတ်မှတ် စည်းကမ်းအတိုင်းကတော့  ၁၁ နာရီပဲဖွင့်ရမယ်လို့ သူ့ရဲ့စည်း ကမ်းထဲမှာပါပြီးသားလေ။ ဒီဖျော် ဖြေရေးလိုင်စင်မှာ ကေတီဗီမှာ ကောင်မလေးတွေ အဆိုတော် ပေါ့၊ ထားတဲ့ကိစ္စတွေက တရား မ၀င်တာဖြစ်တဲ့အတွက် တရား ၀င်ရှိဖို့အတွက် ကောင်မလေး တွေလက်သင့်မခံဘူး’’ ဟု နေ ပြည်တော်ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက 7Day Daily သတင်း စာအား ပြောသည်။



ထိုသို့ပိတ်သိမ်းရန် ဇူလိုင် ၁ ရက်က အစည်းအဝေးခေါ်ယူ သတိပေးခဲ့ပြီး နေ့လယ်ပိုင်းတွင် ရဲတပ်ဖွဲ့၊ ရပ်ကွက်၊ မြို့နယ်အုပ် ချုပ်ရေးမှူးအဖွဲ့အစည်းစုံတို့ဖြင့် လာရောက်စစ်ဆေးခဲ့ကြောင်း နေပြည်တော်ကေတီဗီတစ်ခုတွင် လုပ်ကိုင်နေသည့် မန်နေဂျာတစ် ဦးက ပြောသည်။

‘‘အဖွဲ့အစည်းအစုံနဲ့ လာစစ် ရင် သေချာစစ်တာလေ။ ဒါဆိုရင် တရားဝင်တယ်’’ ဟု ယင်းမန်နေ ဂျာက ပြောသည်။ လက်ရှိတွင် မိသားစုကေတီဗီများအနေဖြင့် ဖွင့်လှစ်ထားကြောင်း ၎င်းကပြော သည်။

ထို့အပြင် စည်းကမ်းချက် များ ဖောက်ဖျက်ပါက မြို့နယ် အုပ်ချုပ်ရေးအနေဖြင့် ပုဒ်မ ၁၄၄ ထုတ်ပြန်၍ ဒေသန္တရအမိန့်ထုတ် အရေးယူမည်ဖြစ်ကြောင်း အ ထက်ပါရဲအရာရှိက ပြောသည်။

‘‘သူ့ဘာသာနဂိုကတည်း ကစရှိပြီးသားစည်းကမ်းကို အ စည်းအဝေးထိုင်ပြီးတော့ ပြန် လည်တင်းကျပ်တာပါ’’ ဟု ၎င်း ကဆက်လက်ပြောသည်။

လက်ရှိတွင် အနှိပ်ခန်း၌ လုပ်ကိုင်နေသည့် မိန်းကလေး များသည် နေရပ်ဒေသများသို့ပြန် သွားပြီး ကေတီဗီမှမိန်းကလေး အချို့လည်း လစာထုတ်၍ ပြန် သွားမှုများရှိနေကြောင်း အထက် ပါမန်နေဂျာက ဆိုသည်။

နေပြည်တော်တွင် မူကြို ကလေးငယ်တစ်ဦးမဖွယ်မရာပြု ကျင့်ခံရသည့်ကိစ္စနှင့် မူးယစ်ဆေး ၀ါးပြဿနာများကြောင့် အနှိပ် ခန်းနှင့် ကေတီဗီများပိတ်သိမ်းခိုင်း ခြင်းဖြစ်သည်ဟု သတင်းများ ထွက်ပေါ်မှုကို မဟုတ်မှန်ကြောင်း ရဲအရာရှိတစ်ဦးက ငြင်းဆိုသည်။

ယင်းသို့ပိတ်သိမ်းခိုင်းရာ တွင် ရက်အတိအကျပြောဆိုခြင်း မရှိသော်လည်း ရက်ပိုင်းမျှသာ ဖြစ်နိုင်ကြောင်း ကေတီဗီအသိုင်း အ၀ိုင်းက ဆိုသည်။ ယခင်က နေပြည်တော်တွင် နိုင်ငံတကာ အရေးကြီးပုဂ္ဂိုလ် လမ်းကြောင်းနှင့် အဆင့်မြင့်အ ခမ်းအနားပွဲများရှိပါက အနှိပ်ခန်း များကို ခေတ္တပိတ်ခိုင်းမှုရှိသည်။ နေပြည်တော်တွင်တရားဝင်ဖွင့် လှစ်ထားသည့်ကေတီဗီ ၅၀ ခန့်ရှိ သည်။

No comments:

Post a Comment