Thursday, July 4, 2019

ဝိုင်းမော်ရှိ တစ်သျှူးငှက်ပျောခြံတစ်ခြံတွင် အလုပ်သမားလေးဦး ပိုးသတ်ဆေးအဆိပ်သင့်

တစ်သျှူးငှက်ပျောစိုက် ခင်းများရှိ ပိုးသတ်ဆေးနှင့် မြေ သားများ အန္တရာယ်ရှိ၊ မရှိ ဓာတ် ခွဲခန်းစစ်ဆေးချက် မထုတ်ပြန်မီ ၀ိုင်းမော်မြို့ရှိ တစ်သျှူးငှက်ပျောခြံတစ်ခြံတွင် အလုပ်သမားလေးဦး ပိုးသတ်ဆေး အဆိပ်သင့်၍ ဆေးရုံ၌ ဆေးကုသမှု ခံယူနေ သည်။ ၀ိုင်းမော်မြို့နယ် စန်းကား ကျေးရွာရှိ ဆွတ်ဘောမ်ကုမ္ပဏီ တစ်သျှူးငှက်ပျောစိုက်ခင်းမှ ပိုး သတ်ဆေးအဆိပ်သင့် အလုပ်သ မားလေးဦးသည် ဇူလိုင် ၁ ရက် မွန်းလွဲ ၃ နာရီခန့်တွင် ၀ိုင်းမော် ပြည်သူ့ဆေးရုံသို့ ရောက်ရှိခြင်း ဖြစ်သည်။



‘‘ပိုးသတ်ဆေးတွေ ကိုင် တွယ်ဖူးသူတွေရဲ့ လက္ခဏာအ တိုင်းပဲ။ ခေါင်းမူးတာတွေ၊ ပိုး သတ်ဆေးနံ့တွေ နံနေတာတွေ၊ အသက်ရှူခက်နေတာတွေ၊ သူ ငယ်အိမ်ကျဉ်းနေတာတွေဖြစ်ပြီး ရောက်လာတာပါ’’ဟု တစ်သျှူး ငှက်ပျောခြံတွင် ပိုးသတ်ဆေး အဆိပ်သင့်ခဲ့သည့် လူနာလေး ဦးနှင့်ပတ်သက်၍ ၀ိုင်းမော်မြို့ နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှူး ဒေါက်တာသိမ်းမြို့က ပြော သည်။

‘‘အဆိပ်သင့်တဲ့ နှစ်ယောက် ကို ကျန်နှစ်ယောက်က လာပို့ တာ။ ဆေးရုံရောက်တော့ အခြေ အနေမဟန်တာနဲ့ လေးယောက် စလုံး ဆေးကုရတာ’’ဟု ၎င်းက ပြောသည်။

အသက်(၂၁)နှစ်မှ (၃၉)နှစ် ကြား အမျိုးသားလေးဦး ပိုးသတ်ဆေးအဆိပ်သင့်ပြီး နှစ်ဦး ဝေဒနာပြင်းထန်၍ မြစ်ကြီးနားဆေးရုံသို့ ဇူလိုင် ၁ ရက် ညက လွှဲပြောင်းခဲ့ရသည်။

ဇူလိုင် ၂ ရက် ညနေကရသော သတင်းအရ လေးဦးစလုံး သည် ဝေဒနာသက်သာလာပြီး စိတ်ချရသည်အထိ ဆေးကုသနိုင်ရေး ဆေးရုံ၌ အနည်းဆုံး သုံးရက်ခန့် ကုသရဖွယ်ရှိကြောင်း ဒေါက်တာသိမ်းမြို့က ပြောကြားသည်။

အလုပ်သမားများ အသုံးပြုသော ပိုးသတ်ဆေးအိတ်သည် တရုတ်ဘာသာဖြင့် ရေးသားထား သည်။

‘‘ပိုးသတ်ဆေးက အန္တရာယ် မရှိဘူး မရှိဘူးနဲ့ တာဝန်ရှိသူက ပြောနေတာ။ အခုကျ အဆိပ် သင့်ပြီ။ ဒါတွေက အခုမှဖြစ်တာ မဟုတ်ဘူး။ အန္တရာယ်မရှိဘူးဆို ရင် အလုပ်သမားတွေကိုခေါ်ပြီး မေးမလား’’ဟု တစ်သျှူးငှက်ပျောတရားမ၀င်စိုက်ပျိုးမှုကို အစဉ်တစိုက် ကန့်ကွက်နေသည့် ၀ိုင်းမော်မြို့နယ်မှ ၀ါရှောင်ဆရာတော် ဦးဝိဇယက မိန့်ကြားသည်။

ဓာတုဆေးဝါးသုံးစွဲမှုများ ရှိ၊ မရှိ အမျိုးသားလွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီက ဇွန်လ ၁၄ ရက်မှ ၁၆ ရက်အထိ ကွင်းဆင်းစစ်ဆေးပြီး စိုက်ခင်းအချို့မှ စိုက်ပျိုးရေးဆေးများနှင့် မြေသားနမူနာများကို စိုက်ပျိုးရေးဦးစီးဌာနပိုင် ဓာတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးနေသည်။ အလုပ်သမားအများစုကမူ တစ်သျှူးငှက်ပျော စိုက်ခင်းများအ တွင်း အန္တရာယ်ရှိ ဆေးဝါးများ သုံးစွဲနေရသည်ဟု 7Day Daily သတင်းစာအား ပြောသည်။ အလုပ်သမားလေးဦး ပိုး သတ်ဆေး အဆိပ်သင့်သည့် သတင်းကို ရှင်းရှင်းလင်းလင်း မသိရသေးဘဲ လိုအပ်ပါက စုံစမ်း စစ်ဆေးမည်ဟု ကချင်ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း က ပြောသည်။

No comments:

Post a Comment