Thursday, July 4, 2019

ကျား၊ မတန်းတူရေးဆောင်ရွက်ရာတွင် ရန်သူသဖွယ် သဘောမထားကြရန် အတိုင်ပင်ခံတိုက်တွန်း

 အမျိုးသမီးများ နှင့် အမျိုးသားများတန်းတူညီမျှ ရေးဆောင်ရွက်မှုများတွင် တစ်ဦး နှင့်တစ်ဦး ရန်သူသဖွယ်သဘော မထားဘဲ မောင်နှမရင်းခြား စိတ်ဓာတ်များဖြင့် လုပ်ဆောင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်  ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းသည်။ ‘‘အမျိုးသမီးအချင်းချင်းစာနာနားလည်နိုင်မှ အ မျိုးသားတွေကြားထဲမှာလည်း စာ နာနားလည်နိုင်မှာ ဖြစ်ပြီးတော့ ကျွန်မတို့နိုင်ငံ အနာဂတ်မျိုးဆက် တွေရဲ့အကျိုးကို ထမ်းဆောင်နိုင် မှာပဲဖြစ်ပါတယ်’’ ဟု အတိုင်ပင်ခံ ပုဂ္ဂိုလ်က ဆိုသည်။ ဇူလိုင် ၃ ရက်က နေပြည် တော်ရှိ MICC-II ၌ ပြုလုပ်သော မြန်မာအမျိုးသမီးများနေ့အခမ်း အနားမိန့်ခွန်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့သည်။


‘‘ဒါကြောင့်မို့လို့ ယနေ့ မြန် မာနိုင်ငံအမျိုးသမီးများနေ့ကနေ စတင်ပြီးတော့ နောင်နှစ်ပေါင်း များစွာ ကမ္ဘာတည်ရှိသရွေ့ကျွန် မတို့နိုင်ငံရဲ့အကျိုးကို တကယ့် ကိုထိထိရောက်ရောက်သယ်ပိုး နိုင်တဲ့ အမျိုးသမီးတွေဖြစ်ပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်’’ဟု ၎င်းက ပြောသည်။ စည်းလုံးညီညွတ်မှုဖြင့် လုပ် ကိုင်ဆောင်ရွက်ခြင်းသည် အင် အားတစ်ခုဖြစ်သည့်အပြင် အမျိုး သမီးနှင့် အမျိုးသားများတန်းတူ ရည်တူလက်တွဲဆောင်ရွက်နိုင် ရေးကို ဦးတည်ဆောင်ရွက်ရာ၌ အမျိုးသားများကိုလည်းနောက် ကျမကျန်ခဲ့စေချင်သလို အမျိုးသ မီးများကိုလည်း မကျန်ခဲ့စေချင် ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။ ‘‘စည်းလုံးညီညွတ်မှုရဲ့အင်  အားက ဘာနဲ့မှယှဉ်မရပါဘူး။ ကျွန်မတို့တကွဲတပြားစီ၊ တစ် ယောက်တစ်ဦးစီ၊ အဖွဲ့တစ်ဖွဲ့စီ  ကိုယ့်အတွက်ပဲကိုယ်လုပ်နေမယ် ဆိုရင် ကျွန်မတို့နိုင်ငံရဲ့တိုးတက် ရေးကို ပံ့ပိုးနိုင်မှာမဟုတ်ပါဘူး။  ဒါကြောင့်မို့လို့ ကျွန်မတို့အမျိုး သမီးများဟာ ရှေ့ကဦးဆောင်ပြီး တော့ ညီညီညွတ်ညွတ်နဲ့စုပေါင်း ဆောင်ရွက်တဲ့ စံနှုန်းထားတွေကို  ချပေးလိုက်မယ်ဆိုရင်  အခုဒီနေ့ တစ်နေ့အတွက်တင် မဟုတ်ဘူး၊ ဒီတစ်နှစ်အတွက်တင် မဟုတ် ဘူး။ ကျွန်မတို့နိုင်ငံရဲ့အနာဂတ် အတွက် အင်မတန်မှ အရေးပါ မှာဖြစ်ပါတယ်’’ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

No comments:

Post a Comment