Thursday, July 4, 2019

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် တရုတ်သံအမတ်ကို လက်ခံတွေ့ဆုံ

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် တရုတ်သံအမတ်အဖြစ် မကြာသေးမီက စတင် တာဝန်ထမ်းဆောင်နေသည့် မစ္စတာ ချန်းဟိုင်အား ယနေ့ ဇူလိုင် ၃ ရက်၊ နံနက် ၁၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။ နှစ်နိုင်ငံ ဆက်ဆံရေး၊ပိုးလမ်းမစီမံကိန်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် (၇၀) ပြည့်မည့် ၂၀၂၀ ပြည့်နှစ်တွင် အထိမ်းအမှတ် အခမ်းအနားများ ပူးတွဲကျင်းပရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးလုပ်ငန်းစဉ်၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသွားသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ်နှင့် ပြန်လည်နေရာ ချထားရေး လုပ်ငန်းစဉ်တို့နှင့်ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။

No comments:

Post a Comment