Thursday, July 4, 2019

Facebook ဝန်ဆောင်မှု တစ်ကမ္ဘာလုံး၌ ပြတ်တောက်မှုများ ဖြစ်ပွားပြီးနောက် ပြန်လည်ရရှိ

Facebook  ဝန်ဆောင်မှုလုံးဝ ပြတ်တောက်သွားခြင်းသည် ကမ္ဘာ့ အစိတ်အပိုင်းများစွာမှ အသုံးပြုသူ များအပေါ်သက်ရောက်ခဲ့ပြီးနောက် ဇူလိုင် ၃ရက်ညနေ၌ ရာနှုန်းပြည့် ပြန်လည်ရရှိပြီဖြစ်ကြောင်း Facebook  က ပြောကြားခဲ့သည်။ အွန်လိုင်းစောင့်ကြည့်ရေး ဝန်ဆောင်မှုဌာနဖြစ်သော DownDetector က ဂရင်းနစ်စံတော်ချိန် ၁၂၀ဝ တွင် ပြတ်တောက်မှု စတင်ဖြစ်ပေါ်ကြောင်း နှင့် Facebook အပြငှု Instagram နှင့် WhatsApp ဝန်ဆောင်မှုများပါ ပြတ်တောက်ခဲ့ကြောင်း အစောပိုင်း က အစီရင်ခံခဲ့သည်။

“ အဲဒီကိစ္စကို ဖြေရှင်းလိုက်ပါ ပြီ။ လူတိုင်းအတွက် ရာနှုန်းပြည့် ပြန်ရမှာပါ” ဟု အဆိုပါကုမ္ပဏီက ဇူလိုင် ၄ရက် ဂရင်းနစ်စံတော်ချိန် ဝ၀ဝ၆ ၌ Twitter မှတစ်ဆင့် ပြောကြားခဲ့သည်။ ゞင်းတို့က အဆင်မပြေမှုမှန်သမျှအတွက် ဝမ်းနည်းပါကြောင်းလည်း ဖြည့်စွက်ပြောကြားခဲ့ သေးသည်။

Instagram နှင်WhatsApp တို့ကိုလည်း ကိုယ်စားပြုသည့် Facebook မှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပုံမှန်ပြုလုပ်နေကျ ထိန်းသိမ်းရေးလုပ်ငန်းစဉ်တစ်ရပ်သည်  ဗိုင်းရပ်စ်တစ်မျိုးကို မတော်တဆ လှုံဆော်သကဲ့သို့  ဖြစ်ခဲ့ခြင်းကြောင့် အသုံးပြုသူများအတွက် ဓာတ်ပုံများနှင့်ဗွီဒီယိုဖိုင်များတင်ရန်နှင့် ပေးပို့ရန် အခက်တွေ့စေခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အခြေစိုက် Facebook မီဒီယာ ကုမ္ပဏီက ပြောကြားခဲ့သည်။


#Facebookdown နှင့် #Instagramdown တို့သည် Twitter ပေါ်တွင် Trending ဖြစ်ခဲ့ပြီး ကမ္ဘာတစ်လွှားမှ အသုံးပြုသူများက အဆိုပါ App များ အလုပ်မလုပ်ကြောင်း  အစီရင်ခံခဲ့ကြသည်။

DownDetector ၏ ပြောကြားချက်အရ ကမ္ဘာတစ်လွှားမှ ထောင်နှင့်ချီသော အသုံးပြုသူများသည် ပြတ်တောက်မှုများကို အစီရင်ခံခဲ့ပြီး ဥရောပတိုက်နှင့် မြောက်အမေရိကတိုက်တို့မှ အသုံးပြုသူများ အများဆုံး သက်ရောက်မှုခံရကြောင်း သိရသည်။ တစ်ဦးချင်း အသုံးပြုသူများသာမက လုပ်ငန်းများနှင့် အဖွဲ့အစည်းများပါ သက်ရောက်မှုခံရသည်ဟု ဆိုသည်။

“ ဟုတ်ပါတယ်။ ကျွန်တော် တို့ #Instagramdown ရဲ့သက်ရောက်မှုကိုပါ ခံရပါတယ်”  ဟု CIA က ပြတ်တောက်မှုဖြစ်ပေါ်စဉ်အတွင်း Twitter ၌ ပြောကြားခဲ့သည်။

“ မဟုတ်ဘူး။ ကျွန်တော်တို့ကြောင့် ဖြစ်တာ မဟုတ်ဘူး။ မဟုတ်ဘူး။ ဒါကို ကျွန်တော်တို့ဘာသာ ပြင်လို့မရနိုင်ဘူး။ ခင်ဗျားအနေနဲ့ ပိတ်လိုက် ဖွင့်လိုက် ထပ်ပြီး လုပ်ကြည့်ပါလား” ဟုလည်း CIA က ရေးသားခဲ့သည်။

ယခုနှစ်အစောပိုင်းက Facebook ဝန်ဆောင်မှုအပေါ် သက်ရောက်ခဲ့သည့် ပြတ်တောက်မှုတစ်ရပ်သည် ၂၄နာရီအထိ ကြာခဲ့ပြီး ဆာဗာ ဖွဲ့စည်းပုံအစီအစဉ်ပြောင်းလဲခဲ့မှုအတွက် Facebook ဝန်ဆောင်မှုများကို အပြစ်တင်ခဲ့သည်။

မတ် ၁၃ ရက်က ပြတ်တောက်မှုသည်   Facebook အင်တာနက်ကုမ္ပဏီကြီးအတွက် အဆိုးရွားဆုံးဖြစ်သည်ဟု ယူဆရပြီး ゞင်း၏ ပင်မလူမှုကွန်ရက်အပြင် Instagram နှင့်Message ပေးပို့သည့် App များကို အသုံးပြုနေသည့် လူပေါင်း ၂ ဒသမ ၇ ဘီလျံခန့်အပေါ် သက်ရောက်မှုရှိခဲ့သည်။

ဇူလိုင် ၃ ရက် ပြတ်တောက်မှု နှင့် ပတ်သက်၍ AFP သတင်းဌာန က  Facebook ကုမ္ပဏီကို စုံစမ်းမေးမြန်း ထားသော်လည်း တုံ့ပြန်မှု မရရှိသေးပေ။

No comments:

Post a Comment