Thursday, July 4, 2019

ပြည်ပမှ စားတော်ပဲတင်သွင်းမှု ယာယီဆိုင်းငံ့ပေးရန် ပဲ၊ နှမ်းအသင်းက ၀န်ကြီးဌာနသို့ အကြံပြုစာပို့

ပြည်ပမှ စားတော်ပဲ (Yellow Pea) တင်သွင်းမည့် အစီ အစဉ်ကို ယာယီဆိုင်းငံ့ရန် စီးပွား ရေးနင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနသို့ မြန်မာနိုင်ငံ ပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်းက ဇူ လိုင် ၃ ရက်တွင် အကြံပြုစာပေးပို့ သည်။ြ ပည်ပမှ စားတော်ပဲ တင်သွင်းမည့် အစီအစဉ်ကို နယ်ကုန် စည်ဒိုင်များက ကန့်ကွက်သဖြင့် အသင်းက ယမန်နေ့တွင် အစည်းအဝေးပြုလုပ်၍ တင်သွင်း ခွင့် ယာယီဆိုင်းငံ့ထားရန် ဆုံးဖြတ်ကာ ၀န်ကြီးဌာနသို့ စာပေးပို့ခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံပဲမျိုးစုံ နှင့် နှမ်းကုန်သည်အသင်း အတွင်း ရေးမှူး ဦးမင်းကိုဦးက ပြောသည်။‘‘နယ်ကုန်စည်ဒိုင်တွေက ကုန်သည်တွေက ကန့်ကွက်ကြလို့ တင်သွင်းမှုကို ဆိုင်းငံ့ပေးဖို့ပါ’’ဟု ဦးမင်းကိုဦးက ပြောသည်။



ပြည်ပမှ စားတော်ပဲတင်သွင်းမည့် အစီအစဉ်ကို မုံရွာ၊ မကွေး၊ မြင်းခြံနှင့် ပြည်ပဲကုန်စည်ဒိုင်မှ ကုန်သည်များက ကန့်ကွက် သဘောမတူကြောင်း ၎င်းက ပြော ကြားသည်။

‘‘အဓိက ကန့်ကွက်ကြရတဲ့ သဘောက တောင်သူတွေ နစ်နာမှာ စိုးလို့ပါ’’ ဟု ကုန်သည်၊ ပွဲစား စက်ပိုင်များ မဟာကထိန်တော်အ သင်း မုံရွာကုန်စည်ဒိုင်ဥက္ကဋ္ဌ ဦးအေးကြိုင်က ပြောသည်။

ပြည်ပမှ စားတော်ပဲတင်သွင်းမည့် အစီအစဉ်ကို ဇွန်လ၂၆ ရက်က စတင်စီစဉ်ပြီးနောက် နယ်ကုန်စည်ဒိုင်များနှင့် ပဲနှမ်းကုန် သည်အသင်းက ညှိနှိုင်းခဲ့သည်။ ပြည်ပမှ တင်သွင်းမှုက အချိန်တစ်ခုကြာမြင့်ပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာပါက တောင်သူများ စိုက်ပျိုးချိန်နှင့် နီးကပ်ပြီး ဈေးနှုန်းများစွာ ကျဆင်းမည်ကိုလည်း ကုန်စည်ဒိုင်မှ ကုန်သည်အချို့က စိုးရိမ်မှုရှိသည်။

ပြည်ပမှတင်သွင်းသော စားတော်ပဲသည် မြန်မာနိုင်ငံသို့ ရောက်ရှိပါက တစ်တင်းလျှင် ကျပ် ၂၀,၀၀၀ ခန့်သာ ဈေးရှိမည် ဖြစ်သည်။ လက်ရှိပြည်တွင်းဈေး ကွက်တွင် စားတော်ပဲက ကျပ် ၂၇,၀၀၀ ခန့် ဈေးရှိနေသည်။

ထို့ကြောင့် စားတော်ပဲ ဈေး ကျဆင်းပြီး တောင်သူများ စိုက်ပျိုးရန် စိတ်ဝင်စားမှု လျော့မည်ကို  နယ်ကုန်သည်များက စိုးရိမ် ကြောင်း ဦးအေးကြိုင်က ပြော သည်။ စစ်ကိုင်းတိုင်းတွင် စားတော်ပဲကို စက်တင်ဘာ၌ စတင် စိုက်ပျိုးသည်ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် မုံရွာကုန်စည်ဒိုင် က ပြည်ပမှ စားတော်ပဲတင်သွင်း မှုကို ကန့်ကွက်ကြောင်း ဇွန်လ ၂၉ ရက်တွင် နိုင်ငံတော်သမ္မတ ထံ ဦးတည်စာပေးပို့သည်။ ထို့အတူ မကွေးကုန်စည်ဒိုင်ကလည်း စာပေးပို့ခဲ့သည်။

‘‘သူတို့ဝင်လာရင် ဈေးကွက် ကုန်ဖျက်သလိုဖြစ်သွားမှာ စိုးလို့ပါ’’ ဟု ဦးအေးကြိုင်က သမ္မတထံ စာပေးပို့မှုနှင့် ပက်သက်၍ ရှင်းပြ သည်။

ပြည်ပမှ စားတော်ပဲတင် သွင်းမှုကို ၂၀၁၇ ဩဂုတ်မတိုင်မီ အထိ စီးပွားကူးသန်းဝန်ကြီးဌာန က ခွင့်ပြုထားသည်။ နိုင်ငံတကာ အခေါ် Yellow Pea ဟု ခေါ်သော စားတော်ပဲကို ၂၀၁၇ မတိုင်မီက တစ်နှစ်လျှင် တန်ချိန်နှစ်သိန်း အထိ ပြည်ပမှ တင်သွင်းဖူးသည် ဟု ဦးမင်းကိုဦးက ပြောသည်။

သို့သော် ၂၀၁၇ ဩဂုတ်တွင် အိန္ဒိယနိုင်ငံ၏ ပဲတင်သွင်းမှုနှင့် ပတ်သက်၍ မူဝါဒကန့်သတ်သည့် ကြေညာချက် ထွက်ပေါ်ပြီးနောက် မြန်မာနိုင်ငံကလည်း စားတော်ပဲ တင်သွင်းမှုကို ရပ်ဆိုင်းခဲ့သည်။ အိန္ဒိယ၏ ပဲမူဝါဒက ပြည် တွင်းမှ ထုတ်လုပ်သည့် ပဲစင်းငုံ တန်ချိန် သုံးသိန်းကျော်အတွက် ဈေးကွက်ပျောက်သည့် အခြေ အနေမျိုး ဖြစ်လာသဖြင့် ပဲကြာဆံ လုပ်ငန်းများတွင် ပဲစင်းငုံကို အ စားထိုးသုံးနိုင်ရန် စားတော်ပဲတင် သွင်းမှုကို တားဆီးခြင်း ဖြစ် ကြောင်း စီးပွားကူးသန်းဝန်ကြီး ဌာန ညွှန်ကြားရေးမှူးချုပ်တစ်ဦး က ပြောသည်။

No comments:

Post a Comment