Thursday, July 4, 2019

အမျိုးသား သုံးဦးအား အုပ်စုဖွဲ့ ဓားဖြင့် ခုတ်သတ်၍ တွံတေး တူးမြောင်းအတွင်း ပစ်ချ အလောင်းဖျောက်ခဲ့သည့် အဖွဲ့မှ နှစ်ဦး ထပ်မံဖမ်းဆီးရမိပြီး ငါးဦး လွတ်မြောက်နေ

တွံတေးမြို့နယ်တွင် အမျိုးသား သုံးဦးကို အုပ်စုဖွဲ့ ဓားဖြင့် ခုတ်သတ်၍ တွံတေး တူးမြောင်းအတွင်း ပစ်ချ အလောင်းဖျောက်ခဲ့သည့်အဖွဲ့မှ နှစ်ဦးကို ထပ်မံ ဖမ်းဆီးရမိပြီး ငါးဦးမှာ ထွက်ပြေး လွတ်မြောက်နေကြောင်း ဇူလိုင် ၃ ရက်တွင် ရဲတပ်ဖွဲ့မှ စုံစမ်းသိရှိရသည်။ ထပ်မံ ဖမ်းဆီးရမိခဲ့သူ နှစ်ဦးမှာ စန်းဦး နှင့် ဇော်လှမျိုးတို့ဖြစ်ပြီး ကျန် ကျူးလွန်သူ ငါးဦးကို ဖမ်းဆီးရမိရေး စုံစမ်းနေကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ တစ်ဦးက ဇူလိုင် ၃ ရက်တွင် ပြောကြားသည်။



ဖြစ်စဉ်မှာ ဇွန် ၂၁ ရက် ညပိုင်းတွင် တွံတေးမြို့နယ် ဇီးဖြူကုန်းကျေးရွာနေ သိန်းဇော်ဦးသည် သူငယ်ချင်းများ ဖြစ်သည့် ဖားမျက်လုံး၊ နိုင်လင်းထွန်း၊ မောင်မောင်တို့နှင့်အတူ နေအိမ်တွင် အရက်သောက်နေစဉ် လွန်ခဲ့သည့် ရှစ်လခန့်က အပေါင်ဆိုင်မှ ပြန်လည် ရွေးယူနိုင်ခြင်း မရှိသေးသည့် ဘက်ထရီ တစ်လုံးနှင့် ပတ်သက်၍ စကားများခဲ့ဖူးသော တစ်ရွာတည်းနေ ရာအိမ်မှူး ဖိုးထောင်၊ အာကာ၊ စန်းဦး၊ ဖိုးနီ(၁)၊ ဇော်လှမျိုး၊ စတီးနှင့် ဖိုးနီ(၂)၊ အောင်ထွဋ်နှင့် ခွာကြီးတို့  ဝမ်းကွဲညီအစ်ကို တစ်စုမှာ ရောက်ရှိလာခဲ့ကာ သိန်းဇော်ဦးပါ လေးဦးအား ရဲစခန်းသို့ လိုက်ခဲ့ရန် ခေါ်ဆိုခဲ့ကြောင်း သိရသည်။

သိန်းဇော်ဦးပါ လေးဦးက မလိုက်နိုင်ကြောင်း ပြောဆိုသဖြင့် ဖိုးထောင်နှင့် ゞင်း၏ ဝမ်းကွဲ ညီအစ်ကို လေးဦးတို့က  “ဟေ့ကောင် မင်းတို့က ဘယ်လောက်သတ္တိရှိလို့လဲ” ဟု ပြောဆိုကာ သိန်းဇော်ဦး၏ နေအိမ် ပြတင်းပေါက် နှစ်ပေါက်အား အသင့်ပါလာသည့် ဓားဖြင့် ဝိုင်းခုတ်ခဲ့ကြောင်း၊ ယင်းသို့ ခုတ်သဖြင့် သိန်းဇော်ဦးပါ လေးဦးမှာ လိုက်သွားခဲ့ကြောင်း သိရသည်။

ယင်းသို့ လိုက်သွားသဖြင့် သိန်းဇော်ဦး၏ ဇနီးက ဇွန် ၂၂ ရက်တွင် သက်ဆိုင်ရာ ရဲစခန်းသို့ စုံစမ်းရာ ゞင်း၏ ခင်ပွန်းနှင့် ခင်ပွန်း၏ သူငယ်ချင်းတို့မှာ စခန်းသို့ လာရောက်ခဲ့ခြင်း မရှိကြောင်း သိရှိရသဖြင့် တရားလို ပြုလုပ်ကာ ဖိုးထောင်နှင့် ゞင်း၏ ဝမ်းကွဲ ညီအစ်ကို တော်စပ်သူ ရှစ်ဦးအား အမှုဖွင့် တိုင်တန်းခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ရာအိမ်မှူး ဖိုးထောင်အား ဇွန် ၂၂ ရက်တွင် တံခွန်တိုင်ကျေးရွာ စက်လှေဆိပ်၌ ဖမ်းဆီးရမိခဲ့ပြီး ဇွန် ၂၃ ရက်တွင် စတီးမှာ သက်သေခံ ဓားနှင့်အတူ ကျေးရွာအုပ်ချုပ်ရေး မှတစ်ဆင့် ရဲစခန်းတွင် လာရောက် အဖမ်းခံခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ နှစ်ဦးအား  ရဲတပ်ဖွဲ့မှ စစ်ဆေးရာ သိန်းဇော်ဦးပါ လေးဦးမှာ လွန်ခဲ့သည့် ငါးရက်ခန့်က ゞင်းတို့၏ တူတော်စပ်သူ နှစ်ဦးကို ဓားဖြင့် ခြိမ်းခြောက်ဖူးသဖြင့် ရာအိမ်မှူး ဖိုးထောင်က “ငါ့ညီတွေကို ခြိမ်းခြောက် စိန်ခေါ်နေတာ ဘယ်သူတွေလဲ” ဟုပြောဆိုရာတွင် သိန်းဇော်ဦးပါ လေးဦးက ဖိုးထောင်အား ဓားဖြင့် လိုက်ခုတ်၊ လေးခွဖြင့် ပစ်သဖြင့် ဖိုးထောင်မှာ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်များကြောင့် ရာအိမ်မှူး ဖိုးထောင်နှင့် ゞင်း၏ ဝမ်းကွဲ ညီအစ်ကို လေးဦးတို့ မှာ လူစုပြီး သိန်းဇော်ဦး၏ နေအိမ်ပေါ်သို့ တက်ကာ နေအိမ် ပြတင်းပေါက်များကို ဓားဖြင့်ခုတ်ပြီး သိန်းဇော်ဦးပါ လေးဦးအား သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူး၏ နေအိမ်သို့ ခေါ်ဆောင်ခဲ့ကြောင်း၊ အုပ်ချုပ်ရေးမှူး၏ နေအိမ်တွင် နိုင်လင်းထွန်းနှင့် သိန်းဇော်ဦးကို တစ်တွဲ၊ မောင်မောင်နှင့် ဖားမျက်လုံးတို့အား တစ်တွဲ ကြိုးဖြင့် တုပ်ထားခဲ့ကြောင်း၊ ယင်းနောက် စက်လှေဖြင့် ခေါ်ဆောင်လာစဉ် တွံတေး တူးမြောင်းအတွင်း၌ သိန်းဇော်ဦး၊ နိုင်လင်းထွန်းနှင့် မောင်မောင်တို့အား  ဓားများဖြင့် ဝိုင်းဝန်း ထိုးခုတ်ပြီး တူးမြောင်းအတွင်းသို့ ပစ်ချထားခဲ့ကြောင်း သိရသည်။

ဖားမျက်လုံး ဆိုသူမှာ ရာအိမ်မှူး ဖိုးထောင်တို့နှင့် ဆွေမျိုးသားချင်း ဖြစ်သဖြင့် ထိုးကြိတ် ဆုံးမပြီး ပြန်လွှတ်ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ သိရသည်။

ဇွန် ၂၃ ရက်တွင် မောင်မောင်၏ အလောင်းကို လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် သိန်းဇော်ဦးနှင့် နိုင်လင်းထွန်းတို့၏ အလောင်းအား တွံတေးတူးမြောင်းအတွင်းမှ ပြန်လည် ဆယ်ယူရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှ ကျုးလွန်သူ ငါးဦးအား တွံတေးမြို့မရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၆၄/၄၅၂/ ၄၂၇/၁၁၄ တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

No comments:

Post a Comment